ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်   နိုဝင်ဘာ   ၂၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး  ပစ္စည်းများအား  ‌ရေကြောင်း၊   ဆိပ်ကမ်း၊   နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေးလျက် ရှိသည်။
 ထိုသို့ထုတ်ပေးရာတွင်  နိုဝင်ဘာ  ၂၃  ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ   Oxygen  Booster  တစ်ခု၊ Aneroid Sphygmomanometer ၂၀၀၊ Stethoscope ၂၀၀၊ Oxygen Cylinder ၁၄၁၀၊ Oxygen Plant ကိုးခု၊ ဆေးဝါးမျိုးစုံ ၅၅ မျိုး၊ စုစုပေါင်း (၃၀၉၇၂၄ ဒသမ ၆၉) Kg ၊ နယ်စပ် (မြဝတီ) တွင် ကုမ္ပဏီ တစ်ခုမှ Liquid Oxygen (၁၅၃၁၅) m3 တို့ကို ထုတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။                 သတင်းစဉ်