ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၃၁


ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်  သူများ   ထားရှိရန်အတွက်   တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊  နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြော  ရေးနှင့်  တည်းခိုရေးစခန်းများ၌  စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေးလျက်ရှိသည်။  ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်  အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ပရဟိတအဖွဲ့အစည်းများ၊  တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။ 

 


ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၄၆ ဦးနှင့် အမျိုးသမီး ၅၉ ဦး စုစုပေါင်း ၁၀၅   ဦး တို့ကို လက်ခံထားရှိကြောင်း သိရှိရသည်။

 


အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို    သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

 


ထို့အပြင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံမြို့  တပ်မတော် ဆေးရုံနှင့်   ကျိုင်းတုံတက္ကသိုလ်တို့ရှိ Center များသို့ ယနေ့နံနက် ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်း ထွန်းနှင့်    တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍    အဆိုပါ Center   များရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်- ၁၉  အတည်ပြုလူနာများ အတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်