ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းအသိပညာ​ပေး

 

နေပြည်တော်   စက်တင်ဘာ  ၁၇


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ​ ယနေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မော်လမြိုင်ဘူတာကြီး၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါကာကွယ် ထိန်းချုပ် နိုင်​ရေးအတွက် ဌာနဆိုင်ရာများ၊ အမျိုးသမီး​ရေးရာ၊ မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအဖွဲ့များနှင့် လူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ အသိပညာ​ပေး​ဆောင်ရွက်​နေမှု၊ Mask များ အခမဲ့​ဝေငှခြင်းအစီအစဉ် Mask Campaign ပြုလုပ်​​ဆောင်ရွက်နေမှုကို ကြည့်ရှုအား​ပေးသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ​မြန်မာ့ မီးရထား (ပို့ဆောင်ရေး၊တိုင်းအမှတ်-၈)မှ  တာဝန် ရှိသူများနှင့်    တွေ့ဆုံကာ     ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး၊ ဘူတာရုံ များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  စည်းကမ်းချက် များနှင့်အညီ လိုက်နာကြစေရေး၊ ဘူတာရုံပရိဝုဏ် အတွင်း၊ အပြင်  သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားပြီး တာဝန် ရှိသူများက ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက် နေခြင်းနှင့်   ပတ်သက်၍  ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က      လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ ကြီး၌   မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ   အရာရှိနှင့်   အခြား အဆင့်    တပ်ဖွဲ့ဝင်များ   စုပေါင်းသွေးလှူဒါန်းမှုကို  ကြည့်ရှုအားပေးပြီး      စုပေါင်းသွေးလှူကြသည့် တပ်ဖွဲ့ဝင်များကို   ပြည်နယ်ဝန်ကြီးချုပ်နှင့်  ဝန်ကြီး များက အားဆေး၊  ကြက်ဥနှင့်  အာဟာရဖြည့်စွက်စာ များ ထောက်ပံ့ပေးအပ်ခဲ့သည်။
 အလားတူ       ပြည်နယ်ဝန်ကြီးချုပ်သည်  မော်လမြိုင်  ပြည်သူ့ဆေးရုံကြီးတွင်   ဆေးကုသမှု ခံယူနေကြသည့်  လူနာများကို  အားပေးကြည့်ရှုပြီး လိုအပ်သည်များကို      ဖြည့်ဆည်းဆောင်ရွက်ပေး ကြောင်း သိရသည်။


သတင်းစဉ်