
နေပြည်တော် ဒီဇင်ဘာ ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီး ဌာနမှူးနှင့် ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ကြပ်မတ်ဆောင်ရွက်
တွေ့ဆုံဆွေးနွေးစဉ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုများနှင့် လက်ရှိ ဆောင်ရွက်မှုကို ရှင်းလင်းပြောကြားပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဗီဇပြောင်း မျိုးကွဲအသစ် အိုမီခရွန် (Omicron)နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းအတွက် ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ၏ အသွားအလာကန့်သတ် ခြင်းများကို အချိန်တိုးမြှင့်ကာ ကြပ်မတ်ဆောင်ရွက် ခြင်း၊ RT-PCR နည်းစနစ်ဖြင့် ရောဂါပိုးစစ်ဆေးခြင်း တို့ကို ဆောင်ရွက်နေပြီး ဖြစ်ပွားလာခဲ့ပါက လက်ခံ ကုသနိုင်ရေးအတွက်လည်း တစ်ပြိုင်တည်း ပြင်ဆင် ဆောင်ရွက်နေပါကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်နှင့်အထက် ထိုးနှံ ပြီးသူ ၁၉ ဒသမ ၅ သန်းကျော် ရှိပြီဖြစ်ပါကြောင်း၊ ပထမအကြိမ်ထိုးနှံပြီးပါက အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သဖြင့် ပထမအကြိမ် ထိုးနှံခြင်းကို လွှမ်းခြုံမှုကောင်းအောင် ရည်မှန်းဆောင်ရွက်နေပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများလည်း လုံလောက်စွာရှိပြီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ မကြာမီစတင် ထုတ်လုပ်နိုင်မည်ဖြစ် ပါကြောင်း။
ထောက်ပံ့နိုင်ရေး ညှိနှိုင်းစီစဉ်ပေးမည်
ပြည်သူလူထုအနေဖြင့်လည်း Mask တပ်ခြင်း၊ လက်ဆေးခြင်း စသည့်ကာကွယ်ရေးနည်းလမ်းများ ကို ဆောင်ရွက်မှု လျော့နည်းလာခြင်းတို့ မဖြစ်ပွားစေ ရအောင် အသိပညာပေးလုပ်ငန်းများ အားဖြည့် ဆောင်ရွက်ရန်နှင့် လုပ်ငန်းလမ်းညွှန်များ လိုက်နာ ဆောင်ရွက်နိုင်ရေး ကြပ်မတ်ပေးရန် လိုအပ်ပါ ကြောင်း၊ မကွေးတိုင်းဒေသကြီး၌ Liquid Oxygen မရှိသေးသဖြင့် ထောက်ပံ့နိုင်ရေး ညှိနှိုင်းစီစဉ်ပေးမည် ဖြစ်ပါကြောင်း။
ပုံမှန်သင်တန်းများ ဖွင့်လှစ်တော့မည်
ဆေးတက္ကသိုလ်၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ် ထားပြီးဖြစ်၍ ဆေးတက္ကသိုလ် ဒုတိယနှစ်၊ တတိယ နှစ်၊ နောက်ဆုံးနှစ် အပိုင်း(က) နောက်ဆက်တွဲ သင်တန်းများကို ဒီဇင်ဘာ ၂၀ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ ၏ ပုံမှန်သင်တန်းများကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ လတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)၏ ပုံမှန် သင်တန်းများ ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်၊ အေးချမ်း စွာ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို ကြပ်မတ်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် တက်ရောက်လာသူများ၏ တင်ပြ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မကွေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် တည်ဆောက်ထားရှိသည့် အဆောက်အအုံသစ်သို့ သွားရောက်ကြည့်ရှု၍အဆိုပါ အဆောက်အအုံ၌ ဆေးကုသရေးလုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများနှင့် တွေ့ဆုံ၍ လိုအပ်ချက် များ မေးမြန်းဆွေးနွေးကာ တက်ရောက်လာသူများ ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်နေသော ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ ကို ဆေးတက္ကသိုလ်(မကွေး)ရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက ပူးတွဲတာဝန် ထမ်းဆောင်နိုင်ရေး၊ Oxygen Plant အသစ်ထောက်ပံ့နိုင်ရေးနှင့် သူနာပြု ဆရာမကြီးများကို ရာထူးတိုးမြှင့်ခန့်ထားနိုင်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်