ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တိုင်းဒေသကြီးများနှင့် ပြည်နယ် မြို့ကြီးများသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ဖြန့်ဖြူး

ရန်ကုန်   အောက်တိုဘာ   ၆

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း တပ်မတော်လေယာဉ်   များ၊    မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း မှ  ကိုဗစ်-၁၉  ရောဂါ  ကာကွယ် ဆေး ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနိုင်သော  Sinopharm ဆေး အလုံး ၂၄၀၀ နှင့် ဆေးထိုးအပ် ၁၂၀၀၀   ကို     နေပြည်တော် ကောင်စီနယ်မြေသို့      လည်း ကောင်း၊   ဆေးအလုံး   ၁၀၀၀၀ နှင့်   ဆေးထိုးအပ်   ၅၀၀၀၀   ကို   မုံရွာမြို့သို့        လည်းကောင်း၊ ဆေးအလုံး       ၂၀၀၀၀      နှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ကို  ပြည် မြို့သို့လည်းကောင်း၊ ဆေးအလုံး  ၄၆၀၀၀    နှင့်     ဆေးထိုးအပ် ၂၃၀၀၀၀ ကို မကွေးမြို့သို့လည်း ကောင်း၊ Cold Chain Delivery  Logistics မော်တော်ယာဉ်ကြီးများ ဖြင့်     ဆက်လက်ဖြန့်ဖြူးပေးခဲ့ ကြောင်း သိရသည်။


အလားတူ ဝေးလံခက်ခဲသော ဒေသများသို့  တပ်မတော် (လေ)ရှိ ပို့ဆောင်ရေး လေယာဉ်များနှင့် မြန်မာ့လေကြောင်းတို့၏    အကူ အညီများ  ရယူကာလေကြောင်း ခရီးများဖြင့် ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း     သိရ သည်။


သတင်းစဉ်