ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဩဂုတ်   ၂၃


တိုင်းဒေသကြီးနှင့်      ပြည်နယ် အသီးသီးတို့၌  သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင်   လူမျိုးမရွေး  ဘာသာ မရွေး      ဒေသခံပြည်သူများ၊ အကျဉ်းသား     အကျဉ်းသူများ၊ မသန်စွမ်းသူများ၊   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊   ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ  ပြည်သူများ၊ အသက် ငါးနှစ်မှ  ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊  အလယ် တန်းနှင့်    အထက်တန်းအဆင့် ကျောင်းသား     ကျောင်းသူများ စသည့်ဦးတည်အုပ်စုများ သတ်မှတ် ၍  တပ်မတော်မှ  ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊        ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက    ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို  ဆောင်ရွက်ပေး လျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ    ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့၌       ဒေသခံ ပြည်သူ ၂၁၀ ၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် တို့၌  ဒေသခံပြည်သူ ၂၈၇၆၆ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ  မြို့နယ် ခုနစ်မြို့နယ်တို့၌  ဒေသခံပြည်သူ ၄၁၇၂ ဦးနှင့်   မန္တလေးတိုင်းဒေသ ကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတို့၌ ဒေသခံပြည်သူ   ၅၅၅၀   တို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊        စေတနာ့ဝန်ထမ်းများ နှင့်     ပူးပေါင်း၍    ကိုဗစ်-၁၉   ရောဂါ     ကာကွယ်ဆေး    ထိုးနှံ ပေးသည်။

 


ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး   အတွင်း ရှိ     မြို့နယ်  ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၉၂၃ ဦး နှင့်      ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်          လေးမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၀၇၆ ဦး တို့ကို     တပ်မတော်မှ   ဆေးအဖွဲ့ များက      ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊         သက်ဆိုင်ရာ ကျန်းမာရေး        ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍   ကိုဗစ်-၁၉  ရောဂါ   ကာကွယ် ဆေးထိုးနှံပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာ   တိုင်းဒေသ ကြီးနှင့်  ပြည်နယ်များမှ  တာဝန် ရှိသူများက    သွားရောက်ကြည့်ရှု အားပေးပြီး      လိုအပ်သည်များ ညှိနှိုင်း      ဆောင်ရွက်ပေးကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်