ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကွင်းဆင်းအဖွဲ့များ ရှမ်းပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်   နိုဝင်ဘာ   ၂၈  


ကိုဗစ်-၁၉ ရောဂါ    ကာကွယ်၊  ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ဦးဆောင်သော ကွင်းဆင်းအဖွဲ့ သည် ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန   ဒုတိယညွှန်ကြား ရေးမှူးချုပ်   ဒေါက်တာထွန်းတင်  ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည်  ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ လည်းကောင်း၊   ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ဦးဆောင်သော ကွင်းဆင်းအဖွဲ့ သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ လည်းကောင်း  အောက်တိုဘာ ၂၉   ရက်မှ နိုဝင်ဘာ  ၂၇   ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 


အသေးစိတ်ညှိနှိုင်း


ဒုတိယဝန်ကြီးနှင့်   ကွင်းဆင်းအဖွဲ့များသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့်   တာဝန်ရှိသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ် အသီးသီးမှ  တာဝန်ရှိသူများ၊  ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများအား တွေ့ဆုံ ၍ ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ ဆောင်ရွက်မည့် နည်းဗျူဟာ များ၊ စီမံချက်အသွင်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း များ၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် လူနာသစ်ရှာဖွေခြင်း လုပ်ငန်းများနှင့်        ထပ်မံအရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်မည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများအား  နိုင်ငံတော်၏  လမ်းညွှန်မှုဖြင့် ဦးစားပေးဆောင်ရွက်မည့်အစီအစဉ် များကို အသေးစိတ်ညှိနှိုင်း၍ လုပ်ငန်းများဆောင်ရွက် ခဲ့သည်။
သွားရောက်

 


ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ    ကလော၊ ဆီဆိုင်၊ ညောင်ရွှေ၊ တောင်ကြီး၊ နမ့်စန်၊  ပင်းတယ၊  ပင်လောင်း၊ ရပ်စောက်၊ လင်းခေး၊ လွိုင်လင်၊ ဟိုပုံးမြို့ နှင့် ခိုလမ်မြို့နယ်ခွဲသို့ လည်းကောင်း၊ ကျန်ရှိသော အဖွဲ့များသည်  သက်ဆိုင်ရာ  နယ်မြေအသီးသီးရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ် ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ လည်းကောင်း သွားရောက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ် ဌာန ဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ ကာ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုအခြေအနေတို့ကို အသေးစိတ်သုံးသပ်၍ လူနာသစ်ရှာဖွေခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှု အားဖြည့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ၊ လူနာနှင့် အနီးကပ် ထိတွေ့သူများအား ရှာဖွေခြင်း (Contact Tracing) လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များ ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ဦးတည်အုပ်စုများ အလိုက်       လွှမ်းခြုံမှုကောင်းမွန်စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊       ကျန်းမာရေး အသိပညာပေးခြင်းဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်မှု အားကောင်းစေရေးနှင့်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော      စည်းကမ်းချက်များကို  လိုက်နာစေရေးတို့အတွက် အသေးစိတ်ဆွေးနွေးခဲ့ သည်။   


ကျန်းမာရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့်     ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက်၊ ရောဂါပိုးတွေ့ရှိမှုနှုန်းတို့မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာ  နောက်ဆုံးပတ်နှင့်     နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ တတိယပတ်နှင့် နောက်ဆုံးပတ်အတွင်း သိသိသာသာ ကျဆင်းသွားသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ကိုးမြို့နယ်အား မိမိနေအိမ်တွင်သာ နေထိုင်ရေး (Stay at Home) မြို့နယ်များအဖြစ်မှ ပယ်ဖျက်နိုင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်အတွင်း စီးပွားရေး၊  လူမှုရေးနှင့် ကုန်စည်ကူးသန်းမှုများ အဆင်ပြေမှုရှိလာကြောင်းနှင့် ပြည်သူလူထုအနေ ဖြင့်လည်း   ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များကို  ဆက်လက်လိုက်နာဆောင်ရွက်ခြင်းဖြင့်    ရောဂါ ဖြစ်ပွားမှုအား    ဆက်လက်ထိန်းချုပ်သွားနိုင်မည် ဖြစ်သည်။    

                               

    သတင်းစဉ်