ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်   ဩဂုတ်    ၃၁


တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ   ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာန များ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများနှင့် လူမှု ကူညီရေးအသင်းအဖွဲ့များသို့ စေတနာရှင် အလှူရှင် များက ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့်     အလှူငွေများ       ပေးအပ်လှူဒါန်းလျက် ရှိသည်။

ပေးအပ်လှူဒါန်း


ထိုသို့လှူဒါန်းပေးလျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဦးတင်မြင့် နှင့်  ဇနီး ဒေါ်တင်ငွေ မိသားစုက အောက်ဆီဂျင်အိုး အလုံး ၅၀၊ Oxygen Flow  Meter ၂၅ ခုနှင့် နှာခေါင်းစည်း ၃၀၀၀၀ တို့ကိုလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်   အသုံးပြုရန် အတွက် မြန်မာ့အားမာန်စီးပွားရေးလုပ်ငန်းရှင်များ အသင်း၏ နာယက ဦးတင်မောင်နှင့် ဇနီး ဒေါ်စီစီမိုး (Xie  Family  Co.,Ltd.) က ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးရှိ Oxygen Generation System တစ်လုံး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)  ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်းနှင့်   ဇနီး ဒေါ်မို့မို့အေးကျော် မိသားစုက လူနာတင်ယာဉ် တစ်စီး၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်က ငွေကျပ်သိန်း ၄၆၀ တန်ဖိုးရှိ Medical Oxygen Concentrator အလုံး၂၀ နှင့် Medical  Ventilator  ငါးလုံး၊ Esperado  Lake  View  Hotel မှ   အုပ်ချုပ်မှု   ဒါရိုက်တာ ဦးကောင်းမြတ်ဇော်က ငွေကျပ်သိန်း ၃၀၀၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)က ငွေကျပ်သိန်း ၂၅၀  တန်ဖိုး ရှိ အောက်ဆီဂျင်(အရည်) ၂၅ တန်၊ ဦးသက်မျိုးနှင့် ဇနီး ဒေါ်မိုးသီတာဇော် (မိုးရတနာထွန်း ဆောက်လုပ် ရေးကုမ္ပဏီမိသားစု)နှင့်     ဒေါက်တာစည်သူဝင်း (Future  Bright Co.,Ltd.) က ငွေကျပ် ၂၁၅ သိန်း တန်ဖိုးရှိ  Liquid Oxygen Tank 499 L (1) unit နှင့် Air Hearted Vaparizer (1) unit ၊ လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကုသရေးစင်တာတွင်   ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာ့အားမာန် စီးပွားရေးလုပ်ငန်းရှင်များအသင်းက အလှူငွေကျပ် သိန်း  ၁၀၀ ၊ Royal Home Pro Co.,Ltd. မှ မန်နေဂျင်း ဒါရိုက်တာ  ဦးအောင်ဘိုဦးက ငွေကျပ်သိန်း ၁၀၀၊ Great  Calio  Construction  Company  Limited မှ ဥက္ကဋ္ဌ  ဦးအောင်ထွေးက  ငွေကျပ် သိန်း ၁၀၀၊ ဦးမောင်မောင်တင် မိသားစုက ငွေကျပ် သိန်း ၁၀၀၊ ကွယ်လွန်သူ ဦးရာမေ့စ်အား ရည်စူး၍ မိခင်ဒေါ်နီတာ အား အမှူးထားကာ ကိုနီတေ့ရ် (သူရိယဒီပ ကုမ္ပဏီ)က ငွေကျပ် ၃၂၅၀၀၀ တန်ဖိုးရှိ အဝတ်အခြောက်ခံစက် တစ်လုံး၊ တော်ဝင်ချမ်းသာ ကုမ္ပဏီမိသားစုမှ (MD) သုဓမ္မမဏိဇောတဓရ ဦးဌေးဦး (ရန်ကုန်တိုင်းဒေသ ကြီး YMBA အသင်း အလုပ်အမှုဆောင်)က ငွေကျပ် ၃၂၅၀၀၀ တန်ဖိုးရှိ    အဝတ်လျှော်စက်  တစ်လုံး၊ ဦးအောင်ဖြိုးလင်း (Ceberge Co.,Ltd.)က ငွေကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ Flow Meterနှင့် ပိုက် ၁၀ စုံ၊ အနောက်ပိုင်းခရိုင် YMBA အသင်း ဥက္ကဋ္ဌ ဦးစန်းဝေ က ငွေကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ   Flow Meter နှင့် ပိုက် ၁၀ စုံ၊ ရန်ကုန်တိုင်းဒေသကြီး YMBA အသင်းက ငွေကျပ်  ၂၅၀၀၀၀   တန်ဖိုးရှိ    Flow    Meter နှင့် ပိုက် ၁၀ စုံတို့ကို လည်းကောင်း  ပေးအပ်လှူဒါန်း ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက  လက်ခံရယူကြပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။


ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြကန်သာရပ်ကွက်ရှိ      အောက်ဆီဂျင်စက်ရုံ၊ ပန်းတနော်မြို့ရှိ   အောင်သပြေကုမ္ပဏီမိသားစုက လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံနှင့်  အိမ်မဲမြို့တို့ရှိ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုများနှင့် ငပုတော မြို့၌ အောက်ဆီဂျင်ထုတ်လုပ်မည့်စက်ရုံ တည်ဆောက် နေသည့် အခြေအနေများကို      တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး  လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်