ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ တင်သွင်းခွင့်ပြုပေးလျက်ရှိ


 

နေပြည်တော်    ဩဂုတ်    ၃၁


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ    ပစ္စည်းများကို   အများပြည်သူ ရုံးပိတ်ရက်များတွင်    လေကြောင်း၊    ရေကြောင်းနှင့်    နယ်စပ်ကုန်သွယ်ရေးစခန်းများမှ         နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် ထီးခီးကုန်သွယ်ရေးစခန်း  လေးခုတို့တွင်  ကုမ္ပဏီ ၁၀   ခုမှ   ယာဉ်စီးရေ  ၁၇  စီးဖြင့်   အောက်ဆီဂျင် (အရည်)   Bowser   ယာဉ်နှစ်စီးဖြင့်   တန်   ၄၀၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် သုံးတန်၊ အောက်ဆီ ဂျင် (အိုးခွံ) ၂၃၂၂ ခု၊ အောက်ဆီဂျင် Plant ၁၁ ခု၊ Oxygen Generator တစ်ခု၊ အိမ်သုံး Oxygen Con-centrator ၃၅၃ ခု၊  Test  Kit  ၁၀၀၊ လက်အိတ် ရှစ်တန်နှင့် နှာခေါင်းစည်း(Mask) တန် ၁၀၀ တင်သွင်း ခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ် နှစ်စီးမှာ   ရန်ကုန်မြို့သို့ဖြစ်ပြီး   Oxygen   Plant ၁၁ ခုမှာ ရန်ကုန်မြို့သို့ ရှစ်ခု၊ မကွေး၊ မော်လမြိုင်နှင့် ဒေးဒရဲမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ   ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ်     သတ်မှတ် ကြေညာထားသည့်  စက်တင်ဘာ ၁ ရက်မှ ၁၀ ရက် အထိ  ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ် ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်း ထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန် သွင်းကုန်   လုပ်ငန်းများ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့်  ညှိနှိုင်းထားသည့်  SOP  များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည်ဖြစ်ကာ အဆိုပါ ရက်များတွင်     ကုန်သွယ်ရေးဦးစီးဌာန   (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန် သွင်းကုန် လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း     ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း    စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဩဂုတ် ၃၁ ရက်နေ့စွဲဖြင့် အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို      သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်   SOP  များနှင့်အညီ  ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့်  အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်   ဝန်ကြီးဌာန   Website    ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။  
သတင်းစဉ်