ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၂၉ 


စီးပွားရေးနှင့် ကူးသန်းရောင်း  ဝယ်ရေးဝန်ကြီးဌာန    အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို လေကြောင်း၊ ရေကြောင်း နှင့်  နယ်စပ်ကုန်သွယ်ရေးစခန်း များမှ   နှောင့်နှေးကြန့်ကြာမှုမရှိ  တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ   ဆိပ်ကမ်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း နှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ (ဝဲပုံ) တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်လေးစီးဖြင့် အောက်ဆီဂျင် (အရည်)   Bowser   ယာဉ် တစ်စီးဖြင့် တန် ၂၀၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက်     (Oxygen Generator)  သုံးခု၊   အိမ်သုံး အောက်ဆီဂျင်စက်   (Oxygen Concentrator) အခု ၂၀ နှင့် MasK (နှာခေါင်းစည်း) ခြောက်တန်တို့ကို တင်သွင်းခဲ့ပြီး    အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီမြို့မှ   ရန်ကုန်မြို့သို့ဖြစ် ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ   ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  


သတင်းစဉ်