ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ    ၂


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှု မရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများ နှင့်  ချင်းရွှေဟော်နှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီငါးခုမှ ယာဉ်စီးရေ ရှစ်စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) အခု ၅၀၀ ၊ Oxygen Generator နှစ်ခုနှင့် နှာခေါင်းစည်း (Mask) တန် ၃၀ တင်သွင်းခဲ့သည်။ 


စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၂ ရက် အတွင်း ကုမ္ပဏီ ၂၇၉ ခုမှ ယာဉ်စီးရေ ၅၃၇ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၈၃၁  တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်)  ၁၂၇   တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် တန် ၆၀ ၊ Storage Container ခြောက်ခု၊ အောက်ဆီဂျင် (အရည်) Distributor တစ်ခု၊ အောက်ဆီဂျင် (အိုးခွံ) ခုရေ ၁ ဒသမ ၁ သိန်း၊  Oxygen  Plant ၃၀၂ ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် နှစ်ခု၊ Oxygen Generator အခု ၂၀  ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၁၃၃၄၉ ခု၊ Test Kit ခုရေ ၇၀၀၀၀ ၊ PPEအစုံရေ ၁၀ ဒသမ ၄ သိန်းကျော်ခန့်၊ လက်အိတ်  ၁၃၂  တန်နှင့်   နှာခေါင်းစည်း  (Mask) ၂၈၁၈  တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။


စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၂ ရက် အတွင်း   ပြည်ပမှတင်သွင်းသည့်   အောက်ဆီဂျင် အရည် (Bowser) ယာဉ်စုစုပေါင်း ၄၃ စီးမှာ ရန်ကုန် မြို့သို့ အစီး ၃၀ ၊ မန္တလေးမြို့သို့ ငါးစီး၊ မော်လမြိုင် မြို့သို့ သုံးစီး၊ ပဲခူးမြို့သို့ နှစ်စီး၊ မုံရွာမြို့သို့ နှစ်စီးနှင့် ပြည်မြို့သို့ တစ်စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း ၃၀၂ ခုမှာ ရန်ကုန်မြို့သို့ ၂၄၂ ခု၊ မန္တလေးမြို့သို့  ၁၄  ခု၊ ပခုက္ကူမြို့သို့ သုံးခု၊ ချောက်မြို့သို့ သုံးခု ၊ လားရှိုး မြို့သို့ နှစ်ခု ၊  မင်းဘူးမြို့သို့  နှစ်ခု ၊ မအူပင်မြို့သို့  နှစ်ခု၊ ပြင်ဦးလွင်သို့ နှစ်ခု၊ မော်လမြိုင် ၊ မုံရွာ၊ မြစ်ကြီး နား၊ မိုးကောင်း၊ မြင်းမူ၊ မုဒုံ၊ ပြည်၊ မိတ္ထီလာ၊ မြောင်းမြ၊ ဝိုင်းမော်၊ တာချီလိတ်၊ မိုးညှင်း၊ ကန်ကြီးထောင့်၊ ဖားကန့် ၊ အောင်လံ၊ ကဝ ၊ စဉ့်ကူး ၊ မြိုင် ၊ ဂန့်ဂေါ၊ ထန်တလန်၊   တန့်ယန်း ၊   ပဲနွယ်ကုန်း၊  ဘီးလင်း၊ ညောင်ရွှေ၊ ဟားခါး၊ ကျောက်ဖြူ၊ ပုသိမ်ကြီး၊ သာစည်၊ ကွတ်ခိုင်၊ ကျိုင်းတုံ ၊ မိုးမိတ်နှင့် အမရပူရမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို   သက်ဆိုင်ရာ  ဌာနများနှင့် ညှိနှိုင်းထားသည့် SOP  များနှင့်အညီ    ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်  ဝန်ကြီးဌာန  Website   ဖြစ်သည့် commerce.gov.mm   တွင်  ဝင်ရောက်ကြည့်ရှု နိုင်ရေး        စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။


 သတင်းစဉ်