ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ  ၂၂

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို   လေကြောင်း၊  ပင်လယ် ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ် ရေးစခန်းများမှ  နှောင့်နှေးကြန့်ကြာမှု မရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ  ယနေ့တွင်  အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မြဝတီ ကုန်သွယ်ရေးဇုန် နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီသုံးခု၊ ယာဉ်စီးရေ ခုနစ်စီး၊ အောက်ဆီဂျင်(ဓာတ်ငွေ့)         အိုးဖြင့် နှစ်တန်၊ အောက်ဆီဂျင်(အိုးခွံ) ၁၇၅ ခု၊ အောက်ဆီဂျင် Plant တစ်ခု၊ လက်အိတ် ခြောက်တန်နှင့်    နှာခေါင်းစည်း  (Mask) ၃၁   တန်တို့ကို      တင်သွင်းခဲ့သည်။ အောက်ဆီဂျင် Plant တစ်ခုမှာ ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ မူဆယ်မြို့ သို့ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉    ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထား သည့်    SOP များနှင့်အညီ    ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်     ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်       ဆက်စပ်သည့် အသိပေး  ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန်  ဝန်ကြီးဌာန Website ဖြစ်သည့်  commerce.gov.mm တွင်  ကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေး ထားကြောင်း သိရသည်။  

 သတင်းစဉ်