
နေပြည်တော် နိုဝင်ဘာ ၂၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ မှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြဝတီ ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ ကုမ္ပဏီသုံးခုမှ ယာဉ် စီးရေ လေးစီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် တစ်စီး ဖြင့် ၁၃ တန်နှင့် နှာခေါင်းစည်း (Mask) ၂၁ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက် မှ ၂၀ ရက် အတွင်း ကုမ္ပဏီ ၅၀ မှ ယာဉ်စီးရေ ၉၇ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၂၄၈ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် ခြောက်တန်၊ အောက်ဆီ ဂျင် (အိုးခွံ) ၈၀၂၈ ခု၊ OxygenPlant ၂၈ ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင် စက် ၁၅ ခု၊ အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) ၁၂၃ ခု၊ PPE ဝတ်စုံ ၈၃၈၄၀၊ လက်အိတ် ၃၇ တန်နှင့် နှာခေါင်း စည်း(Mask) ၅၃၇ တန် တင်သွင်း ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
နိုဝင်ဘာ ၁ ရက်မှ ၂၀ ရက် အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း ၁၂ စီးမှာ ရန်ကုန် မြို့သို့ ကိုးစီး၊ မော်လမြိုင်မြို့သို့ နှစ်စီးနှင့် နေပြည်တော်သို့ တစ်စီး ဖြစ်ပြီး Oxygen Plant စုစုပေါင်း ၂၈ ခုမှာ ရန်ကုန်မြိုသို့ ၂၀၊ ရေစကြိုမြို့၊ မြို့သစ်မြို့၊ မြစ်ကြီး နားမြို့တို့သို့ နှစ်ခုစီနှင့် ဓနုဖြူမြို့၊ ရေနံချောင်းမြို့တို့သို့ တစ်ခုစီဖြစ် ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင် ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်း ခွင့်ပြုပေးလျက်ရှိ ကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင် ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်