ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၆


နိုင်ငံတော်အတွင်း၌  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊    ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာတင်သွင်း နိုင်ရေးအတွက်    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  အခြားဆက်စပ် ဌာနများနှင့်      လိုအပ်သည်များ ပူးပေါင်း  ဆောင်ရွက်ပေးလျက် ရှိသည်။


ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ် ရေးစခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှယာဉ်စီးရေ သုံးစီး ဖြင့် အောက်ဆီဂျင်(အရည်)Bow-ser တစ်စီးဖြင့် ၁၉ ဒသမ ၄၂ တန်၊  Oxygen Plant နှစ်ခု၊  အိမ်သုံး   အောက်ဆီဂျင်စက်   (Oxygen Concentrator) ၇၀ နှင့် နှာခေါင်း စည်း (Mask) ၂ ဒသမ ၈  တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး၊   Oxygen Plant   နှစ်ခုမှာ     ကူမဲမြို့သို့ ဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို     ပြည်ပမှတင်သွင်းရာ တွင်    နှောင့်နှေးကြန့်ကြာမှုမရှိ စေရေးအတွက်    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်  သက်ဆိုင်ရာဌာန များနှင့်ညှိနှိုင်းထားသည့်  SOP များနှင့် အညီ ဦးစားပေးတင်သွင်း ခွင့်ပြု   ပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေး  ကြေညာချက်များကို လည်း    အများပြည်သူသိရှိစေ ရန် ဝန်ကြီးဌာန  Website   ဖြစ် သည့် commerce.gov.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး      စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။                                                    

သတင်းစဉ်