
နေပြည်တော် ဇန်နဝါရီ ၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ မှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အတွင်း ကုမ္ပဏီ ၉၆ ခုမှ ယာဉ်စီးရေ ၂၁၈ စီးဖြင့် အောက်ဆီဂျင်(အရည်)Bowser ယာဉ်ဖြင့် ၃၆၄ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် နှစ်တန်၊ အောက်ဆီဂျင်အရည် Storage Container/Tank သုံးခု၊ အောက်ဆီဂျင်အရည် Distribu-tor သုံးခု၊ အောက်ဆီဂျင် (အိုးခွံ) ၁၃၀၀၁ ခု၊ OxygenPlant လေးခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၆၁ ခု Covid Test Kit ၁၉၅၇ ခု၊ PPE ဝတ်စုံ ၃၅၁၈၀၊ လက်အိတ် ၃၂ တန် နှင့် နှာခေါင်းစည်း(Mask) ၁၁၆၉ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ် သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း ၁၉ စီးမှာ ရန်ကုန် မြို့သို့ ၁၆ စီး၊ မန္တလေးမြို့သို့ နှစ်စီးနှင့် မုံရွာမြို့သို့ တစ်စီးဖြစ်ပြီး၊ Oxygen Plant လေးခုမှာ မန္တလေး မြို့ သုံးခုနှင့် မူဆယ်မြို့သို့ တစ်ခု ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်