ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ ၂၇ 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်း နိုင်ရေးအတွက်     အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းနှင့်   မူဆယ်၊ ချင်းရွှေဟော်    စခန်းနှစ်ခုတို့မှ တင်သွင်းရာ ကုမ္ပဏီနှစ်ခုမှ ယာဉ် နှစ်စီးဖြင့် အိမ်သုံးအောက်ဆီဂျင် စက် (Oxygen   Concentrator) ၂၀၊ နှာခေါင်းစည်း (Mask)  ၁၆ တန် တင်သွင်းခဲ့သည်။

 


နိုဝင်ဘာ ၁ ရက်မှ ၂၇ ရက် အတွင်း ကုမ္ပဏီ ၆၆  ခုမှ ယာဉ် ၁၂၅  စီးဖြင့်     အောက်ဆီဂျင် အရည်(Bowser) ယာဉ်ဖြင့် ၃၂၇ တန်၊      အောက်ဆီဂျင်ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် (၅ ဒသမ ၅)တန်၊  အောက်ဆီဂျင်  (အိုးခွံ) ၉၇၃၈ ခု၊ Oxygen Plant ၄၅ ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် ၁၆ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၁၄၃ ခု၊ PPE ဝတ်စုံ ၈၃၄၈၀၊ လက်အိတ် ၄၃ တန်နှင့် နှာခေါင်းစည်း(Mask) ၇၀၅ တန်   တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 


နိုဝင်ဘာ ၁ ရက်မှ ၂၇ ရက် အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း ၁၆ စီးမှာ ရန်ကုန် မြို့သို့ ၁၃ စီး၊ မော်လမြိုင်မြို့သို့ နှစ်စီးနှင့် နေပြည်တော်သို့ တစ်စီး ဖြစ်ပြီး Oxygen Plant စုစုပေါင်း ၄၅ ခုမှာ ရန်ကုန်မြို့သို့    ၃၇ ခု၊ ရေစကြိုမြို့၊ မြို့သစ်မြို့၊ မြစ်ကြီး နားမြို့တို့သို့ နှစ်ခုစီနှင့် ဓနုဖြူမြို့၊ ရေနံချောင်းမြို့တို့သို့        တစ်ခုစီ ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP   များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန်   ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  

သတင်းစဉ်