ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဧပြီ   ၂၅


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊   ထိန်းချုပ်၊  ကုသရေးဆိုင်ရာ  ပစ္စည်းများကို   လေကြောင်း၊   ပင်လယ် ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်း များမှ  နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်း နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၅ ရက်တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ  တစ်ခု၊ ယာဉ်စီးရေတစ်စီးဖြင့် နှာခေါင်းစည်း (Mask)  ခြောက်တန်   တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဆိုင်ရာပစ္စည်းများကို   သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP   များ နှင့်အညီ    ဦးစားပေးတင်သွင်းခွင့်ပြုပေး လျက်ရှိပါကြောင်းနှင့်  ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန   Website  ဖြစ်သည့်   commerce.gov.mm   တွင်        ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။  

သတင်းစဉ်