ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၃


နိုင်ငံတော်အတွင်း၌   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊    ထိန်းချုပ်၊ ကုသရေး   လုပ်ငန်းများအတွက် လိုအပ်သည့်     အောက်ဆီဂျင် အရည်၊      အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံး    အောက်ဆီဂျင်စက်နှင့် အခြား    ဆက်စပ်ပစ္စည်းများကို လေကြောင်း၊    ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ  တင်သွင်း နိုင်ရေးအတွက်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာနအနေဖြင့် အခြားဆက်စပ်ဌာန များနှင့်  လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင်    ချင်းရွှေဟော်နှင့်     မြဝတီ ကုန်သွယ်ရေးစခန်း    နှစ်ခုတို့မှ တင်သွင်းရာ  ယာဉ်စီးရေ  သုံးစီး၊ အောက်ဆီဂျင်(အရည်) Bowser ယာဉ်  တစ်စီးဖြင့် ၁၉ ဒသမ ၉၇ တန်နှင့်    နှာခေါင်းစည်း     (Mask)  ခုနစ်တန် တင်သွင်းခဲ့ပြီး အောက် ဆီဂျင် (အရည်) Bowser ယာဉ် တစ်စီးမှာ    ရန်ကုန်မြို့သို့ဖြစ် ကြောင်းသိရှိရသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊    ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်း ရာတွင်     နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဌာန များနှင့်  ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်  ရှိပါကြောင်းနှင့် ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများ  တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေး  ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန်  ဝန်ကြီးဌာန  Website  ဖြစ်သည့် commerce.gov.mm     တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးထား  ကြောင်း သိရသည်။


သတင်းစဉ်