
နေပြည်တော် စက်တင်ဘာ ၃ဝ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် မြဝတီ ကုန်သွယ်ရေးစခန်း သုံးခုတို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ သုံးခုမှ ယာဉ်စီးရေ ငါးစီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် တစ်စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ် တစ်စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင်(အိုးခွံ) ၁၃၄၀၊ အောက်ဆီဂျင်ထုတ်စက် သုံးခု၊ အိမ်သုံး အောက်ဆီဂျင်စက် ၁၉၉ ခု၊ တစ်ကိုယ်ရေ သုံးကာကွယ်ရေးဝတ်စုံ ၂၀၀၀၀၊ လက်အိတ် သုည ဒသမ ၁၇ တန်နှင့် နှာခေါင်းစည်း တစ်တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့နှင့် အောက်ဆီဂျင်(ဓာတ်ငွေ့) Bowser ယာဉ် တစ်စီးမှာ ပြည်မြို့သို့ ဖြစ်ပြီး အောက်ဆီဂျင်ထုတ်စက်သုံးခုမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထား သည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိ စေရန် ဝန်ကြီးဌာန Website ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
သတင်းစဉ်