ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၃ဝ


စီးပွားရေးနှင့်    ကူးသန်းရောင်း ဝယ်ရေး   ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဆိုင်ရာ ပစ္စည်းများကို    လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ       နှောင့်နှေး ကြန့်ကြာမှုမရှိ    တင်သွင်းနိုင်ရေး အတွက်     အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်       ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ  ငါးစီး ဖြင့်   အောက်ဆီဂျင်(အိုးခွံ) ၁၉၂၀၊ လုပ်ငန်းသုံး  အောက်ဆီဂျင်စက် (Oxygen Generator) နှစ်ခုနှင့် နှာခေါင်းစည်း   (Mask)  ၁၂  တန် တင်သွင်းခဲ့ကြောင်း သိရသည်။

 


အောက်တိုဘာ ၁ ရက်မှ ၃၀  ရက်အတွင်း   ကုမ္ပဏီ   ၈၆  ခုမှ ယာဉ်စီးရေ ၁၈၆ စီးဖြင့် အောက် ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် ၃၃၃ တန်၊ အောက်ဆီဂျင်(အရည်) Storage    Container   နှစ်ခု၊ အောက်ဆီဂျင်(အရည်) Distri-butor   သုံးခု၊   အောက်ဆီဂျင် (အိုးခွံ)  ၁၉၂၇၁  ခု၊   Oxygen Plant   ၄၇   ခု၊  ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု၊ Oxygen   Generator   ၃၂  ခု၊ အိမ်သုံး     အောက်ဆီဂျင်စက် (Oxygen Concentrator) ၂၇၃၉ ခု၊ Test Kit ၁၅၁၀၅ ခု ၊ PPE ၂၅၀၁၇၅ စုံ၊ လက်အိတ် ၁၁၆ တန် နှင့် နှာခေါင်းစည်း (Mask) ၇၃၇ တန်   တင်သွင်းခွင့်ပြုခဲ့ပြီး   ဖြစ်သည်။

 


အောက်တိုဘာ   ၁   ရက်မှ ၃၀    ရက်အတွင်း   ပြည်ပမှ တင်သွင်းသည့်   အောက်ဆီဂျင် အရည်(Bowser)ယာဉ် စုစုပေါင်း ၁၇ စီးမှာ ရန်ကုန်မြို့သို့ ၁၄ စီးနှင့် မန္တလေးမြို့သို့   သုံးစီးဖြစ်ပြီး Oxygen Plant စုစုပေါင်း ၄၇  ခုမှာ ရန်ကုန်မြို့သို့ ၃၃ ခု၊ မြစ်ကြီးနား မြို့သို့ နှစ်ခု၊   ကူမဲမြို့သို့  နှစ်ခု၊ လွိုင်ကော်မြို့သို့ နှစ်ခု၊ မန္တလေး၊ ဟုမ္မလင်း၊ ကျုံဒိုး ၊ ဆင်ပေါင်ဝဲ ၊ မင်းတုန်း၊   သရက်၊  စလင်းနှင့် ပွင့်ဖြူမြို့များသို့     တစ်ခုစီဖြစ် ကြောင်း သိရှိရသည်။    

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများ    တင်သွင်းခြင်းနှင့်  ဆက်စပ်သည့် အသိပေး   ကြေညာချက်များကို လည်း   အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm   တွင်    ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။              

သတင်းစဉ်