ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

Type

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ဇူလိုင် ၁၃ ရက် ညနေ ၆နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်- ၁၉ ရောဂါ    ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း   သိကောင်းစရာ အစီအစဉ်ကို      ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။


အစီအစဉ်မှူး။    ။ ယခုလက်ရှိ  နိုင်ငံတစ်ဝန်း 


           ကိုဗစ် - ၁၉ ရောဂါ  တတိယ လှိုင်းဖြစ်ပွားနေတာနဲ့  ပတ်သက်ပြီး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာ    မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံ မေးမြန်းသွားမှာ ဖြစ်ပါတယ်။


ဒီကနေ့မှာ ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့    ကာကွယ်ရေး အပိုင်းနဲ့   ပတ်သက်ပြီး   ဆောင်ရွက်ထားရှိမှု  အခြေအနေနဲ့    အောက်ဆီဂျင်နဲ့ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေ၊     ပြည်သူတွေ အတွက်     ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးရရှိ နိုင်မှုအခြေအနေတွေကို သိချင်ပါတယ်။


ဒေါက်တာသန်းနိုင်စိုး။     ။ ဒီအချိန်မှာ    တတိယ 
                      လှိုင်းရဲ့      မြင့်မားတဲ့ အပိုင်းကို ရင်ဆိုင်နေရတဲ့ ကာလဖြစ်တဲ့အတွက် ကြောင့် ပြည်သူတွေအနေနဲ့ သိရှိလိုတဲ့၊ စိတ်ဝင်စား တဲ့ မေးခွန်းတွေဖြစ်မှာ သေချာပါတယ်။
နံပါတ်(၁)ဖြစ်တဲ့     ကာကွယ်ရေးအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ ဌာနခွဲဆိုရင် ပိုစတာပေါင်းမြောက်မြား စွာကို ပထမလှိုင်း မတိုင်ခင်ကတည်းက ထုတ်ခဲ့ပါ တယ်။   တစ်နိုင်ငံလုံးမှာလည်း    ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲကထုတ်တဲ့    ပိုစတာ တွေကို  ကော်ပီပြန်လုပ်ပြီး  နေရာအနှံ့မှာရှိတာကို တွေ့နိုင်ပါတယ်။   အဲဒီမှာ    ကျွန်တော်တို့သုံးတဲ့ ဆောင်ပုဒ်က “မိမိကစ၍ ကာကွယ်ပါ” ဖြစ်ပါတယ်။
“မိမိကစ၍ ကာကွယ်ပါ”ဆိုတာ ကာကွယ်ရေး အတွက် အင်မတန်မှ အရေးပါတဲ့ သတင်းစကား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်-၁၉ ရဲ့ ကူးစက်မှုတွေက  လူတစ်ဦးနဲ့တစ်ဦး  ထိတွေ့ရာ ကနေတစ်ဆင့် ဆက်တိုက်၊ ဆက်တိုက် ကူးစက်သွား တဲ့ သဘောရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက မြေထဲကနေ ထွက်ပေါ်လာတာမဟုတ်ဘူး၊ လေထဲကနေကျလာ တာ မဟုတ်ဘူး၊  လူအချင်းချင်း  ထိတွေ့ဆက်ဆံ ကူးလူးတာကနေတစ်ဆင့် ကူးစက်တာပါ။
ဒီလိုကူးစက်တဲ့နေရာမှာလည်း စိတ်ဝင်စား စရာကောင်းတဲ့အချက်က    ကူးစက်ခံရတဲ့သူက ရောဂါပိုးရှိတဲ့သူရဲ့ နှာခေါင်း၊ ပါးစပ်ကနေထွက်လာ ပြီး တစ်ဖက်လူရဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးထဲကို တိုက်ရိုက် သို့မဟုတ် လက်ကနေတစ်ဆင့် ထိတွေ့ ပြီး   ဝင်ရောက်နိုင်ပါတယ်။   နောက်ပိုင်းမှာ   ပိုပြီး သိရှိလာတာက အခုနောက်ပိုင်း မျိုးဗီဇပြောင်းလဲ လာတဲ့ ဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းက နေတစ်ဆင့် တိုက်ရိုက်ဝင်ရောက်တာ ပိုများတာကို တွေ့ရပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့ဟာ အစပိုင်းတုန်း က ကာကွယ်ရေးနည်းလမ်းတွေ အများကြီးပြောခဲ့ ကြပေမယ့် နောက်ပိုင်းမှာ Mask တပ်ဖို့၊ လက်ဆေး ဖို့၊   တစ်ယောက်နဲ့  တစ်ယောက် (၆) ပေ   အကွာ ခပ်ခွာခွာနေဖို့ ဒါတွေက အဓိကကျတဲ့ ကာကွယ်ရေး နည်းလမ်းတွေဖြစ်ပါတယ်။   ဒါတွေကို   လူတိုင်း လူတိုင်းက  ကျင့်သုံးမယ်ဆိုရင်  ဒီရောဂါဆိုးကနေ ကျွန်တော်တို့ကင်းဝေးမှာ ဖြစ်ပါတယ်။


ဒါပေမယ့်  လူမှုအသိုက်အဝန်းမှာ  တစ်ဦးနဲ့ တစ်ဦးက ဆက်စပ်ထိတွေ့ရတဲ့ သဘာဝရှိတဲ့အခါ ကျတော့    ကျွန်တော်တို့က    ဒီကာကွယ်ရေး နည်းလမ်းတွေကို    အမြဲတမ်းမလိုက်နာနိုင်ဘူး။ တစ်နည်းအားဖြင့် ဒါကို New Normal လို့ ကျွန်တော် တို့ကတင်စားပြီး ပြောတာပါ။ New Normal က New လည်းဖြစ်တယ်၊ Normal လိုလည်း နေရမယ် ဆိုတော့ ဒါကိုအမြဲတမ်းမကျင့်သုံးနိုင်တဲ့အခါ ခုနက လို ထိတွေ့ဆက်စပ်မှုတွေကနေတစ်ဆင့် ရောဂါပိုး ကူးစက်မှုတွေက   တစ်ဦးနဲ့တစ်ဦး   ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။


ပြီးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကူးစက် မှုအချိန်   ကြာလာတာနဲ့အမျှ   ကူးစက်တဲ့ဦးရေများ လာတာနဲ့အမျှ   ဗိုင်းရပ်စ်ရဲ့   မူလပုံစံကနေပွားများ လာပြီး မျိုးပြောင်းတာမျိုး  ဖြစ်တတ်ပါတယ်။   ဒါတွေ ကနေတစ်ဆင့်   ဒီကူးစက်မှုတွေက လှိုင်းအသွင်နဲ့   တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
ဒီလိုမဖြစ်အောင် ကာကွယ်ရမယ့် ကာကွယ် ရေးနည်းလမ်းတွေကို လူတိုင်း၊ လူတိုင်းလိုက်နာဖို့ လိုတယ်။   အထိရောက်ဆုံးနည်းလမ်းက   Mask တပ်ခြင်းဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ကျင့်သုံး ဖို့လိုတယ်။ ဒီထက်ပိုပြီး ထိရောက်တဲ့နည်းလမ်းက မိမိအိမ်မှာ နေထိုင်ခြင်းဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့    မိမိအိမ်မှာပဲ နေထိုင်ရမယ့် အစီအစဉ်မှာပါဝင်တဲ့ မြို့တွေ၊ မိမိအိမ် မှာပဲ နေထိုင်သင့်တဲ့သူတွေကို ထုတ်ပြန်ပေးထားပါ တယ်။ ဒီကာလမှာ မဖြစ်မနေအပြင်ကိုထွက်တဲ့သူတွေကလည်း အိမ်ပြင်ကိုထွက်တာနဲ့ကာကွယ်ရေးနည်းလမ်းတွေကို အပြည့်အဝ သတိထားပြီးလိုက်နာ ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက အိမ်ပြန်  သွားလို့ မိသားစုထဲကို ရောက်သွားမယ်။ အဲဒီကနေ ပြီး သူနဲ့ပတ်သက်တဲ့ အသိုက်အဝန်းထဲကို ရောက် သွားမယ်။ အဲဒီကတစ်ဆင့် ပိုးက ကူးစက်သွားနိုင်ပါ တယ်။ 
ဒီတော့ တစ်မိသားစုနဲ့တစ်မိသားစု တတ်နိုင် သမျှ ကိုယ့်အိမ်ထဲမှာ ကိုယ်နေလိုက်တဲ့အခါကျရင် ထိတွေ့မှုနည်းသွားမယ်။ ထိတွေ့မှုနည်းရင် ကူးစက် မှုနည်းမယ်။  ဒါဆိုရင်  ရောဂါမြန်မြန်ဦးကျိုးပြီး အမြစ်ပြတ်မယ်။ ဒါကြောင့် ကာကွယ်ရေးနည်းလမ်း ထဲမှာ အထိရောက်ဆုံးနည်းလမ်းက မိမိအိမ်မှာ နေထိုင်ခြင်းဖြစ်ပါတယ်။ မဖြစ်မနေအိမ်အပြင်ထွက် တဲ့အခါကျရင်လည်း မဖြစ်မနေ Mask ကို တပ်ပါ။ အခြား   အများသုံးပစ္စည်းတွေနဲ့     ထိတွေ့ပြီးရင် လက်ကို စက္ကန့်(၂၀)ကြာအောင် ဆေးပါ။ အခြား လူတွေနဲ့ခပ်ခွာခွာနေပါ။ မျိုးဗီဇပြောင်းတဲ့ ဗိုင်းရပ်စ် ပိုးတွေက ကူးစက်မြန်တဲ့အတွက်ကြောင့် လေဝင် လေထွက်မကောင်းတဲ့    လေလုံတဲ့အခန်းတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒီအခြေခံအချက်တွေကို လိုက်နာဖို့ လိုပါတယ်။
ဒီအခြေခံအချက်တွေကို လိုက်နာရင် ကာကွယ် ဆေး    ရုတ်တရက်မရရှိသေးတဲ့    အနေအထား မှာတောင် ကာကွယ်ဆေးထိုးသကဲ့သို့ ထိရောက် တယ်ဆိုတာကို    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သုတေသနကျွမ်းကျင်ပညာရှင်တွေက တရားဝင် ပြောကြားထားပါတယ်။ ကာကွယ်ဆေးထိုးနှံတာက အကောင်းဆုံးဖြစ်ပြီး ကာကွယ်ဆေး မထိုးနှံရသေး တဲ့ကာလမှာ ဒီနည်းလမ်းတွေကို လိုက်နာတာက အကောင်းဆုံးဖြစ်ပါတယ်။
မိမိအနေနဲ့ ကာကွယ်ဆေးထိုးနှံပြီးရင်တောင် ကိုယ့်အိမ်သားတွေက အပြည့်အဝကာကွယ်ဆေး မထိုးနှံရသေးဘူးဆိုရင် ကာကွယ်ဆေးက ရောဂါ ပြင်းထန်စွာခံစားရမှုကနေ မိမိကိုကာကွယ်ပေးနိုင် ပေမယ့်  မိမိကိုယ်မှာ ပိုးက ခဏတွေ့နိုင်ပြီး တခြား သူတွေကို ကူးစက်နိုင်တဲ့ အခွင့်အလမ်း အနည်း အကျဉ်းရှိပါသေးတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း  ကာကွယ်ရေးနည်းလမ်းတွေ ကို လိုက်နာပေးဖို့လိုအပ်ပါတယ်။ အဓိက အနေနဲ့က တော့ မိမိအိမ်မှာ နေကြပါ။ မလိုအပ်ဘဲ အပြင်ကို လုံးဝမထွက်ပါနဲ့လို့  ကျွန်တော့်အနေနဲ့ အကြံပြု ပန်ကြားအပ်ပါတယ်။


ဒုတိယအချက်ဖြစ်တဲ့     ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးတဲ့ လူပေါင်း ၁ ဒသမ ၈ သန်းခန့် ရှိပါတယ်။ ကာကွယ် ဆေး နှစ်ကြိမ်ထိုးတဲ့သူရှိတယ်။      တစ်ကြိမ်တည်း ထိုးထားတဲ့သူရှိတယ်။    နှစ်ကြိမ်ပြည့်ဖို့အတွက် ကာကွယ်ဆေး    တစ်ကြိမ်သာ  ထိုးထားတဲ့သူက သုံးသိန်းလောက်ရှိပါတယ်။ ဒါတွေအားလုံးပေါင်း လိုက်ရင် ဆေးထိုးပြီးသူ ၁ ဒသမ ၈ သန်းခန့် ရှိပါ တယ်။   နောက်ထပ်လည်း   ကျွန်တော်တို့မှာရှိတဲ့ ကာကွယ်ဆေးလက်ကျန်တွေနဲ့ ထပ်ထိုးပေးလျက် ရှိပါတယ်။ သတင်းကောင်းအနေနဲ့ နိုင်ငံတော်အကြီး အကဲ   ပြောကြားချက်ထဲမှာလည်း   ပါပါတယ်။ မကြာမီ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ လှူဒါန်း ထားတဲ့  ကာကွယ်ဆေး နှစ်သန်း  ရောက်ပါမယ်။ သိပ်မကြာခင် ဒီလထဲကိုပဲ ကာကွယ်ဆေး တစ်သန်း ရောက်ပါမယ်။ 

 


နောက်ထပ်လည်း ကျွန်တော်တို့ဝယ်ထားတာ ကာကွယ်ဆေး လေးသန်းရှိပါတယ်။ ရှေ့လလောက်မှာ ရောက်မယ်။   အားလုံးပေါင်း   ကျွန်တော်တို့က ကာကွယ်ဆေး ခြောက်သန်းလောက် ရရှိမှာဖြစ်ပါ တယ်။ ဒီလထဲမှာ စတင်ရပြီး ရှေ့တစ်လ၊ နှစ်လအတွင်း မှာ လေးသန်း အားလုံး   ခြောက်သန်းထပ်ရမယ်။ အဲဒီအပြင်   နောက်ထပ်       ဒီနှစ်မကုန်ခင်မှာကိုပဲ ကာကွယ် ဆေး Dose ပေါင်း    သန်းဆယ်ဂဏန်းနဲ့ချီပြီး    ရဖို့ရှိပါတယ်။  ဒါတွေကလည်း  ရောက်ရှိလာရင် ကြေညာပြီး ဗဟိုကော်မတီရဲ့  လမ်းညွှန်မှုခံယူကာ ဦးတည်အုပ်စုတွေကို  ဦးစားပေးအစီအစဉ်အလိုက်   ထိုးနှံပေးမယ့် အကြောင်းကို ဒီနေရာက သတင်း ကောင်းပေးအပ်ပါတယ်။ 
အဲဒီတော့    ကျွန်တော်တို့   သိပ်ပြီးကြာကြာ တောင့်  မခံရတော့ပါဘူး။  မကြာခင်  နောက်ထပ် ၁၀ ရက်လောက်ဆိုရင် ပထမအသုတ် ကာကွယ် ဆေး တစ်သန်းကစပြီး  ရောက်ရှိလာမယ့် အနေ အထားရှိပါတယ်။    အမြန်ဆုံး    ထိုးနှံပေးနိုင်ရေး အတွက် စီစဉ်လျက်ရှိပါတယ်ဆိုတာကို သတင်း ကောင်းပေးလိုပါတယ်။ 
နောက်တစ်ခုက အောက်ဆီဂျင်ကိစ္စပါ။ မနေ့ ကလည်း သတင်းစာရှင်းလင်းပွဲမှာ တင်ပြဆွေးနွေး ခဲ့တာရှိပါတယ်။ အဓိက ကိုဗစ်ဖြစ်ရင် အောက်ဆီဂျင် ပေးရတယ်ဆိုတာ  အခြေခံကုထုံး သဘောဖြစ်ပါ တယ်။   ဘာဖြစ်လို့လဲဆိုတော့    ကိုဗစ်လူနာက အောက်ဆီဂျင်ကျတဲ့အခါ    အောက်ဆီဂျင်ပေးရ တယ်။ ဒါပေမယ့်လည်း အောက်ဆီဂျင်က ဘယ်လို လူရဲ့လက်ထဲမှာမှ ဒီကုထုံးက ထိရောက်သလဲဆိုရင် ကျန်းမာရေးဝန်ထမ်းက      ကြီးကြပ်ကွပ်ကဲပြီး အောက်ဆီဂျင်   Flow   rate   ကို   ချိန်ရပါတယ်။ ဒီအောက်ဆီဂျင်က   ဘယ်လောက်သန့်စင်သလဲ Purity ပေါ့။ 


ဒါက  ဘယ်လောက်သန့်စင်သလဲ၊ Medical Grade လား၊ စက်မှုလုပ်ငန်းသုံးလား။ ဒီအပေါ်မှာ မူတည်ပြီး   တွက်ရ၊    ချက်ရတာတွေရှိပါတယ်။ ကြားထဲမှာသုံးတဲ့ Filter တွေ သန့်ရှင်းစင်ကြယ်ဖို့က အစ အတော့်ကို စကားပြောပါတယ်။  ကျွမ်းကျင်မှု လိုအပ်တဲ့ ကိစ္စတွေပေါ့နော်။ ဒါကြောင့် အောက်ဆီ ဂျင်ကုထုံး Oxygen Therapy လို့ တင်ပြရခြင်း ဖြစ်ပါတယ်။    တကယ်လိုအပ်တဲ့    လူအတွက် ကျွမ်းကျင်သူတွေရဲ့အကူအညီအနေနဲ့ တကယ်ရှူ ရရင် တကယ်ကောင်းပါတယ်။
ဒါပေမယ့် မလိုအပ်ဘဲ ရှူတဲ့အခါမှာတော့က လည်း အခြားအန္တရာယ်တွေရှိနိုင်ပါတယ်။ သန့်သန့် ရှင်းရှင်း မဟုတ်တာတို့၊ ရှူရတာက Medical Grade  မဟုတ်တာတို့ ဘယ်လိုပဲဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုး တွေရှိနိုင်တဲ့အပြင်  မီးဘေးကို စိုးရိမ်ရတဲ့အန္တရာယ် တွေလည်းရှိပါတယ်။   နောက်ပြီး အောက်ဆီဂျင် Tank ထဲမှာ High Pressure နဲ့ ထည့်ထားတဲ့အခါ မလိုလားအပ်ဘဲ ပွင့်ထွက်တဲ့ကိစ္စတွေ၊ ဒါတွေက လည်း   အမျိုးမျိုးရှိပါတယ်။   တကယ်မလိုအပ်ဘဲ ကြိုပြီးလှောင်ထားတာမျိုးတွေကလည်း မလိုလား အပ်ဘဲ ဈေးကွက်ထဲမှာ ဝယ်လိုအားတွေ တအားများ နေပါတယ်။ ထုတ်လုပ်မှုအားနည်းပြီး ဝယ်လိုအား များမယ်ဆိုရင် ဈေးကွက်ထဲမှာ ရှားမယ်။ ဈေးတက် မယ်။ တန်းစီရတာတွေဖြစ်မယ်။ တကယ်တမ်းကျ တော့ တကယ်လိုအပ်တဲ့လူ၊ ကျန်းမာရေးဝန်ထမ်းက တကယ်ထောက်ခံတဲ့လူ၊ ဆရာဝန်က ထောက်ခံပေး တဲ့လူ ဒီလိုဟာမျိုးတွေကပဲ ဝယ်ယူပြီး သုံးတဲ့အခါ ကျန်းမာရေးဝန်ထမ်းရဲ့     ကြီးကြပ်မှုနဲ့   သုံးသင့် ပါတယ်။  


ဒီလိုဆိုရင်တော့ ဈေးကွက်ထဲမှာ မလိုလား အပ်ဘဲ အတင်းဝယ်ယူနေတဲ့ကိစ္စတွေ လျော့သွား ပြီး  တကယ်လိုတဲ့လူတွေဆီကို  ရောက်မှာဖြစ်ပါ တယ်။ ခုနပြောတဲ့ ထုတ်လုပ်တင်သွင်းမှုအပိုင်းဆိုရင်လည်း   တစ်နိုင်ငံလုံးမှာရှိတဲ့   အောက်ဆီဂျင် ထုတ်လုပ်နိုင်တဲ့  နေရာတွေကနေ   စွမ်းအားပြည့် ထုတ်လုပ်ပြီး ဗဟိုကော်မတီရဲ့လမ်းညွှန်မှုနဲ့ ဆောင် ရွက်ပြီး   စက်တွေတော်တော်များများကလည်း ရာနှုန်းပြည့် လည်ပတ်နိုင်ပြီဖြစ်ပါတယ်။ အဲဒီတော့ စပြီးတော့   ပြည်တွင်းထုတ်လုပ်မှု   တက်လာတာ နဲ့အမျှ  တကယ်လိုတဲ့လူတွေဆီကို     ရောက်မယ်။ ဆေးရုံတက်နေရတဲ့လူကတော့     ဆရာဝန်က ဆုံးဖြတ်ပြီး  ဒီလူက အောက်ဆီဂျင်ပေးမှ ဖြစ်မယ်။ ဘယ်လောက်  Flow  rate  နဲ့   ပေးရမယ်ဆိုရင် တကယ်လိုတဲ့လူတွေက     တကယ်ရမှာဖြစ်ပြီး ဈေးကွက်ထဲမှာ ဝယ်လိုအားဂဏန်းတွေလျော့သွား မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အမှန်တကယ်လိုအပ် နေသူတွေအတွက် ဆေးရုံတွေကို  တိုက်ရိုက်သွား မယ့် Supply လမ်းကြောင်းတွေ ဒါတွေကိုလည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။


နောက်တစ်ခုက မကြာခင်မှာပဲ အောက်ဆီဂျင် စလင်ဒါတွေ နယ်စပ်လမ်းကြောင်းကနေ တင်သွင်း နေတာရှိပါတယ်။  တချို့လည်း   ရောက်နေပါပြီ။ နောက်တစ်ခုက Liquid Oxygen တွေကို တရုတ်ပြည် နယ်စပ်က  တင်သွင်းမယ့်လမ်းကြောင်းရှိပါတယ်။ မြဝတီလမ်းကြောင်းက တင်သွင်းမှာတွေကလည်း ဒီတစ်ပတ်ထဲမှာကို  ရောက်မှာရှိပါတယ်။  တချို့ ဆလင်ဒါတွေကိုဆိုရင် လေယာဉ်နဲ့ တင်သွင်းမယ့်အစီ အစဉ်တွေကို ချမှတ်ထားပါတယ်။
သတင်းကောင်းပါးလို
ဒါတွေကလည်း နယ်စပ်ဖြတ်ကျော်ပြီး မကြာခင် မှာ လိုအပ်ချက်တွေကို ပြည့်မီသွားမယ့် အနေအထား ကို   ကြိုးပမ်းဆောင်ရွက်နေတာ   ဖြစ်တဲ့အတွက် မကြာခင်မှာ တကယ်လိုအပ်တဲ့သူတွေ  တကယ်ရဖို့ အတွက် တကယ်ပြည့်စုံတဲ့ အနေအထားရဖို့အတွက် ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ ဆက်စပ် နှီးနွှယ်ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးမှု၊    အလှူရှင်တွေရဲ့     ပံ့ပိုးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အတွက်  အောက်ဆီဂျင် ကိစ္စကလည်း ပြေလည်လာစရာ  လမ်းကြောင်းရှိတဲ့ အကြောင်း သတင်းကောင်းပါးလိုပါတယ်။ 


ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှာ ကျန်းမာရေးအပိုင်းဆိုရင် ပြည်သူတွေရဲ့ ကျန်းမာ ရေးကို ဝန်ဆောင်မှုပေးရတာဖြစ်တဲ့အတွက် တတ်နိုင် သမျှ  အကောင်းဆုံးအရည်အသွေး   အပြည့်ဝဆုံး ဝန်ဆောင်မှုကို ပေးချင်ပါတယ်။ ဒီဘက်က ကျန်းမာ ရေးပညာရှင်တွေအနေနဲ့လည်း  ဒါကိုရဖို့   မိမိတို့ အင်အားရှိသရွေ့အစွမ်းကုန်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ 


အဓိကပြန်ပြီးတင်ပြရရင်     ကိုဗစ်ရောဂါ လက္ခဏာတွေရှိတယ်။ အထင်ရှားဆုံးက အနံ့ပျောက် သွားမယ်။ နောက်ပြီး အများနဲ့ဆက်စပ်တဲ့ နေရာ တွေသွားလာခဲ့မယ်။ ရုတ်တရက် ဖျားမယ်။ ချောင်းဆိုး မယ်။ အသက်ရှူရခက်ခဲမယ်။ ဒီထက်ပိုပြီး သိသာ တာက အောက်ဆီဂျင်ကျသွားမယ်။  ဒါမျိုးတွေ ဖြစ်လာရင် ဘယ်သွားရမယ်ဆိုတဲ့ လမ်းကြောင်း လည်းရှိပါတယ်။ 


အသက်အန္တရာယ်ရှိ
ကိုယ့်ကိုယ်ကိုယ် ဖြစ်တယ်လို့ သံသယရှိလာ ရင် ဘယ်ကိုမှမသွားခင် တတ်နိုင်သမျှသူများတွေနဲ့ အထိအတွေ့နည်းဖို့  လိုပါတယ်။   အကောင်းဆုံး အကြံပေးချင်တာက အရင်ဆုံးကိုယ့်ကိုယ်ကိုယ် သံသယရှိပြီဆိုတာနဲ့ မက်စ်ကို အရင်ဆုံးတပ်ပါ။ ဖြစ်နိုင်ရင် လက်အိတ်စွပ်ထားပါ။ ကိုယ်နဲ့ဆက်စပ် တဲ့ မိသားစုတွေက ကာကွယ်ဆေးထိုးထားသူတွေ ဆိုရင်တော့ပိုကောင်းပါတယ်။     ကာကွယ်ဆေး ထိုးပြီးသူမဟုတ်ရင်လည်း    လူငယ်လူရွယ်ထဲက အကူအညီတောင်းပါ။   အဓိက ကိုယ့်ကိုယ်ကိုယ် ထင်ပြီဆိုတာနဲ့ အိမ်မှာရှိတဲ့ အသက် ၆၀ ကျော်  အသက်အရွယ်ကြီးရင့်တဲ့လူတွေ၊ ပြီးတော့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိတဲ့လူတွေအနားကို လုံးဝ မသွားမိဖို့ လိုပါတယ်။ သူတို့က ဒီရောဂါကို ခံစား ရရင်         အသက်အန္တရာယ်ရှိတဲ့အတွက်ဖြစ်ပါ တယ်။ 


ဒါကြောင့် နံပါတ်တစ်က မက်စ်တပ်ပါ။ ကျန်တဲ့ လူတွေနဲ့  ထိတွေ့မှုအနည်းဆုံးနေပါ။    ဆေးရုံ ဆေးခန်းသွားဖို့ ပြုစုဖို့ အကူအညီတောင်းရင်လည်း မိသားစုထဲက အသက်ငယ်ပြီး ရောဂါအခံမရှိတဲ့လူ ကို အကူအညီတောင်းပါ။  ဒါပြီးရင် ကျွန်တော်တို့ ကျန်းမာရေး       စောင့်ရှောက်မှုစနစ်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ  ကျေးလက် ဆိုရင်လည်း ကျေးလက်ကျန်းမာရေးဌာနခွဲရှိတယ်။ ကျေးလက်ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ ဒီလို သွားပါတယ်။   မြို့ပေါ်မှာဆိုရင်လည်း    ဒေသန္တရ ကျန်းမာရေးဌာနရှိတယ်။ မြို့နယ်ကျန်းမာရေးဦးစီးမှူးဌာနရုံးတွေရှိတယ်။        အဲဒါတွေကနေ တိုင်းကျန်းမာရေးဦးစီးဌာန၊ ဆေးရုံတွေ၊ ဗဟိုအဆင့် ဆေးရုံကြီးတွေရှိတယ်။  တချို့မြို့နယ်တွေဆိုရင် လည်း  မြို့နယ်ဆေးရုံတွေရှိတယ်။   မိမိအပိုင် ဒေသန္တရ   သို့မဟုတ်   မြို့နယ်ကျန်းမာရေးဦးစီး ဌာနကို ဆက်သွယ်ဖို့ အကြံပြုလိုပါတယ်။


အထူးသဖြင့် လတ်တလောမှာ ရန်ကုန်မြို့က ကူးစက်မှုလည်းများတယ်။    လူနာတွေအနေနဲ့ ဘယ်ကိုသွားရမယ်ဆိုတဲ့ အချက်အလက်ကိုလည်း သိချင်နေတဲ့    အချိန်ကာလလည်းဖြစ်တယ်။ အဲဒီအခါကျတော့  ဆရာဝန်ရဲ့  ထောက်ခံချက်နဲ့ ကိုဗစ် - ၁၉ Swab စစ်ဆေးပေးတဲ့ မြို့နယ်တွေရှိ နေပါပြီ။ အရှေ့ပိုင်းခရိုင်မှာဆိုရင် မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်း၊  သာကေတ၊  သင်္ဃန်းကျွန်း၊   မင်္ဂလာ တောင်ညွန့် အရှေ့ပိုင်းခရိုင်မှာ ကိုးခုရှိပါတယ်။ 
အနောက်ပိုင်းခရိုင်မှာ ကြည့်မြင်တိုင်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ဒဂုံ ခြောက်နေရာ ဖြစ်ပါတယ်။   တောင်ပိုင်းခရိုင်မှာ    သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ တွံတေး၊ ခရမ်း၊  ဆိပ်ကြီး ခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ ကိုးနေရာ ဖြစ်ပါတယ်။ မြောက်ပိုင်းခရိုင်မှာ မှော်ဘီ၊  တိုက်ကြီး၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ထန်းတပင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန် ရှစ်နေရာဖြစ်ပါတယ်။ အားလုံး ပေါင်းလိုက်ရင် ၃၂ နေရာရှိနေပြီ ဖြစ်ပါတယ်။ 
ဒီအပြင် ရန်ကုန်မြို့လယ် လမ်းမတော်၊ လသာ၊ ကျောက်တံတား၊        ပန်းဘဲတန်းဆိုရင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးတွေနဲ့  ဒေသန္တရမှာ နေရာအခက်အခဲကြောင့် လူအများကြီး စစ်ဆေးဖို့ အခက်အခဲရှိရင် သူနာပြုတက္ကသိုလ်(ရန်ကုန်)မှာ သက်ဆိုင်ရာ    မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး တွေရဲ့ ထောက်ခံမှုနဲ့  သွားရောက်စစ်ဆေးနိုင်ပါ တယ်။ ဒါကိုလည်း ဖွင့်လှစ်ထားတာ နှစ်ရက်ရှိပါပြီ။ အဲဒီလိုနေရာတွေမှာ   စစ်ဆေးပြီး  Negative ဖြစ်တယ်ဆိုရင် အိမ်မှာပဲပြန်ပြီး Home Quarantine လုပ်ရမှာဖြစ်ပါတယ်။  Positive ဖြစ်တယ်ဆိုရင် ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အမျိုးအစားခွဲပါတယ်။ ပြင်းထန်တယ်ဆိုရင် ဆေးရုံသွားသင့်တယ်။ ဘယ်ဆေးရုံသွားရမယ်ဆို တာကို ဆေးရုံခုတင်တွေကို စီမံခန့်ခွဲတဲ့ကော်မတီ တွေနဲ့ ချိတ်ဆက်ပြီး လူနာရဲ့ပြင်းထန်မှုအပေါ်မူတည် ပြီး နေရာချပေးတဲ့အပိုင်းတွေကို ဆောင်ရွက်ပေး လျက်ရှိပါတယ်။ 


အစီအစဉ်မှူး။     ။    ဟုတ်ကဲ့ပါ။ အခုလို ပြည်သူ 


        တွေသိလိုတဲ့ အကြောင်းတွေ ကို   ဖြေကြားပေးတဲ့အတွက်      ကျေးဇူးတင်ပါ တယ်။