
နေပြည်တော် ဒီဇင်ဘာ ၂၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရသည်။
ထိုသို့ထုတ်ပေးရာတွင် ဒီဇင်ဘာ ၂၁ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Ncubator ၂၀ ၊ ဆေးဝါးမျိုးစုံ ၅၄ မျိုး၊ စုစုပေါင်း ၄၈၅၅၀ ဒသမ ၁၄ Kg၊ နယ်စပ် (ချင်းရွှေဟော်၊ မူဆယ်၊ မြဝတီ)တွင် ကုမ္ပဏီငါးခုတို့မှ Sodium Chloride Injection ၉၉၉၀ ၊ Glucose Injection ၇၁၅၂ ခု၊ SAI Vc Injection ၂၀၄၀၀၊ Pai Cetirizine Tablet ၁၃၂၀၀ ၊ Mask ၇၃၀၀ Kg၊ Sai P Pen Powder For Injection ၁၀၀၄၀ ၊ Liquid Oxygen ၁၅၃၃၈ m3၊ Pai Diclo Injection ၁၀၁၁၂ ခု၊ Disposable Syringe ၉၅၅၂ ခု၊ Infusion Set ၁၃၆၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်