
နေပြည်တော် နိုဝင်ဘာ ၂၅
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် နိုဝင်ဘာ ၂၅ ရက်၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကိုဗစ်-၁၉ Vaccine ၁၅၃၅၀ ၊ Bruhep 25000 Injection ၇၂၀၀ ၊ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၈၂ မျိုး၊ စုစုပေါင်း (၁၅၈၅၇၉ ဒသမ ၇၉၇ Kg)၊ နယ်စပ်(ချင်းရွှေဟော်၊ ကျိုင်းတုံ)တွင် ကုမ္ပဏီရှစ်ခုတို့မှ Mask (၅၃၅၀၉) Kg ၊ Sodium Chloride Inje-ction ၃၄၂၆၀ ၊ Paracetamol Tablet ၉၅၂၀၀ ၊ Cimetidine Injection ၅၈၀၀ ၊ Furo Injection ၂၂၂၀၀ ၊ Ibmol Tablet ၁၇၂၀ ၊ Fish Liver Oil ၁၁၇၆၀ ၊ Calcium Glucose Injection ၇၀၀၈ ၊ Vitamin C Injection ၆၈၆၄၀ ၊ Vitamin C Tablet ၉၄၀၀ ၊ Mico(cream) ၁၉၈၀၀ ၊ 9-Vicom Tablet ၁၄၉၀၀ ၊ Dexamethasone Sodium Phosphate Injection ၂၉၈၀၀၀ ၊ B Plex Injection ၂၀၀၀၀ ၊ Genta Injection ၃၉၈၄၀ ၊ Liquid Oxygen (၁၅၃၃၁)m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်