ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၁


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ နိုဝင်ဘာ ၂၁ ရက်၌ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီလေးခုတို့မှ Mask ၃၇၇၃၇ Kg ၊ Sodium Chloride Injection ၁၈၅၁၀၀၊ Vitamin B12 Injection ၂၉၄၆၀၊ Hydrocort Injection ၉၅၂၀၊ Dexa-5 Injection ၇၅၆၀၊ Syringe ၁၈၃၉၈ ခု၊ Scalp Vein Set ၃၆၀၀၊ Glucose Injection ၁၅၈၁၀၆ ခု တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်