
နေပြည်တော် နိုဝင်ဘာ ၁၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီး မှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် နိုဝင်ဘာ ၁၉ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Covid-19 Vaccine 0.5Ml/Dose ၁၀၀၀၀၀၊ ရန်ကုန် ဆိပ်ကမ်းများမှ Mask ၂၈၀၊ Sanitizer & Disinfeciant ၂၇၄၄ ခု၊ Isolation Gown ၃၆၀၀၀၊ Oxygen Cylinder ၁၄၆၈ ခု၊ ဆေးဝါးမျိုးစုံ ၄၉ မျိုး၊ စုစုပေါင်း ၁၃၃၀၀၇ ဒသမ ၈၅ Kg ၊ နယ်စပ် (မြဝတီ)တွင် ကုမ္ပဏီတစ်ခုမှ Liquid Oxygen ၁၅၃၅၄ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်