ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၃၀


အကောက်ခွန်ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးပစ္စည်းများ ကို   ရေကြောင်း၊    ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ      ‌နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ် ပေးလျက်ရှိသည်။ 

 


ထိုသို့     ထုတ်ပေးရာတွင် အောက်တိုဘာ ၃၀ ရက်၌ ရန်ကုန် ဆိပ်ကမ်းများမှ            Oxygen Generator   နှစ်ခု၊   Cylinder  ၁၉၂၀၊   ဆေးဝါးမျိုးစုံ  ၂၃ မျိုး ၃၇၅၁၆၃ ဒသမ ၈၂ Kg၊ နယ်စပ် (ချင်းရွှေဟော်)တွင်    ကုမ္ပဏီနှစ် ခုမှ Mask ၇၁၃၃ Kg ၊ Syringe ၉၆၉၆ခု၊  Medical  Adhesive Tape ၆၈၀၀၊ Glucose Injection ၂၀၀၄၀၀ Kg ၊ Sodium Chloride Injection ၁၆၃၈၆၀ Kg ၊ Isolat- ion Gown ၁၄၃၀ Kg၊ Surgical Gown ၃၅၀၀၀၊ Disposable Cap ၇၂၉၀ Kg ၊ Ceitrizine Tablet ၁၇၁၂၀ Kg တို့ကို     ထုတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်