ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်လုပ်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို  ရေကြောင်း၊ လေကြောင်း၊ ဆိပ် ကမ်း၊   နယ်စပ်ဂိတ်အသီးသီးမှ   နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိရာ  အောက်တိုဘာ  ၁ ရက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီနှစ်ခုမှ Levofloxacin Tablets ၄၀၃၅ ခု၊ Oxygen  Concnetrator  Accessories  အခု  ၂၀၊ Oxygen Cylinger  ၂၇၅၁ ခု၊  Regulator  ၁၄၀၀  ခု၊  Oxygen Plant  နှစ်ခုနှင့်  ဆေးဝါးမျိုးစုံ ၆၂ မျိုး  (၃၂၄၀၈၁  ဒသမ ၅၅) Kg၊ နယ်စပ် (မြဝတီ၊ ချင်းရွှေဟော်၊ မူဆယ်) တွင် ကုမ္ပဏီသုံးခုတို့မှ Oxygen  Concnetrator အခု ၆၀၊ Mask (၈၉၁၂၆) Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်