နေပြည်တော် ဇူလိုင် ၇
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား လေကြောင်း၊ ရေကြောင်းနှင့် ဆိပ်ကမ်းအသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက် ရှိရာ ဇူလိုင် ၇ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ သုံးခုမှPentavalent Vaccine ၃၇၂၅၀၊ Bleon Powder For Injection ၈၉၅ ခု၊ Gempowder Injection ၆၀၀၊ Riborea Capsules ၂၉၄၀ ၊ Pact Powder For Injection ၃၀၊ Axipime Powder For Injection ၃၀၊ Ameroinjection ၃၀၊ Aminacin-500 Injection ၃၀၊ Amciti Injection ခြောက်ခု၊ Aspas Injection သုံးခု ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ လေးမျိုး စုစုပေါင်း ၂၁၆၅၉ ဒသမ ၇၃ Kg တို့ကို ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



