ကိုဗစ်-၁၉ လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင်  စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

 

နေပြည်တော်    ဩဂုတ်   ၃၁


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ       ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ် ကြောရေးနှင့်တည်းခိုရေးစခန်းများ၌   ကြိုတင် ပြင်ဆင်မှုများကို   လုပ်ဆောင်လျက်ရှိပြီး   ပြီးစီး သည့်နေရာများတွင်         စနစ်တကျလက်ခံ၍   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ   ဆောင် ရွက်ပေးလျက်ရှိသည်။  ထို့ပြင် ကျန်းမာရေးဝန်ကြီး ဌာနနှင့်    အခြားဌာနဆိုင်ရာ   တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊    တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ် များ၌   Quarantine Center  များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 
အလှူငွေများပေးအပ်
ယင်းသို့    ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့်    ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင်   တိုင်းဒေသ ကြီးနှင့်  ပြည်နယ်အသီးသီးမှ   တာဝန်ရှိသူများ၊ သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်များမှ   တိုင်းမှူး များနှင့်  တာဝန်ရှိသူများက   သွားရောက်ကြည့်ရှု၍   ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊      အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူ ငွေများပေးအပ်ကာ   လိုအပ်သည်များ    ညှိနှိုင်း ဆောင်ရွက်ပေးသည်။  
အသီးသီးလက်ခံထားရှိ
ထိုသို့  ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြော ရေးနှင့်တည်းခိုရေးစခန်း၌    သီးသန့်စောင့်ကြည့် ရမည့်သူ     အမျိုးသား ၁၃၁ ဦးနှင့်     အမျိုးသမီး  ၈၄ ဦး    စုစုပေါင်း ၂၁၅ ဦးတို့ကို   လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေး နှင့်   တည်းခိုရေးစခန်း၌    ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ    အမျိုးသား ၃၁ ဦးနှင့်   အမျိုးသမီး ၁၉ ဦး    စုစုပေါင်း ၅၀ ကို   လည်းကောင်း၊    ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၂၂ ဦး နှင့် အမျိုးသမီး ၁၁ ဦး    စုစုပေါင်း ၃၃ ဦးတို့ကို  လည်းကောင်း  အသီးသီး  လက်ခံထားရှိကြောင်း  သိရသည်။
အဆိုပါ   စောင့်ကြည့်လူနာများနှင့်   ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့်    တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း     သတင်း ရရှိသည်။         
သတင်းစဉ်