ကိုဗစ်-၁၉ ကူးစက်မှုမြင့်လာ၍ ဂျပန်နိုင်ငံမှလာမည့် ခရီးသွားများအပေါ် အီးယူက ကန့်သတ်ချက်များ ပြန်လည်ချမှတ်

 

ဘရပ်ဆဲလ် စက်တင်ဘာ ၁၀


ဥရောပသမဂ္ဂအဖွဲ့ကြီးအတွင်း အရေးတကြီး မလို အပ်သည့် ခရီးသွားလာမှုများအတွက် ကန့်သတ်ချက် များ ပယ်ဖျက်ပေးထားသည့် နိုင်ငံများစာရင်းတွင် ဂျပန်နိုင်ငံကို ဖယ်ထုတ်လိုက်ပြီဖြစ်ကြောင်း ဥရောပ သမဂ္ဂ(အီးယူ)က  ကြေညာခဲ့သည်။
ဂျပန်နိုင်ငံတွင် ဒယ်လ်တာကူးစက်မှု များပြား လာသည့်အတွက် ယခုလို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ခြွင်းချက်ပေးထားသည့် နိုင်ငံများစာရင်းမှ ဂျပန်နိုင်ငံ ကို ဖယ်ရှားထားကြောင်း စက်တင်ဘာ ၉ ရက်တွင် ဥရောပသမဂ္ဂက ပြောသည်။ ခရီးသွားလာမှုကန့်သတ် ချက်များ ကင်းလွတ်ခွင့်ပေးသည့် နိုင်ငံများစာရင်း တွင်   ဂျပန်နိုင်ငံကို   ဇွန်လအတွင်းက  ထည့်သွင်း ပေးခဲ့ခြင်းဖြစ်ပြီး နွေရာသီခရီးသွားကာလ မစတင်မီ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ 
ဥရောပသမဂ္ဂအဖွဲ့ကြီးသည် ကိုဗစ် -၁၉ ကူးစက် မှုများကြောင့် အဖွဲ့ဝင်နိုင်ငံများအား ပြင်ပသို့ မလို အပ်ဘဲ  ခရီးထွက်ခွာခြင်းကို  ကန့်သတ်ထားသည်။ ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည်ဟု ယူဆ ရသည့်နိုင်ငံများမှလာသော   ခရီးသွားများကိုမူ  ဝင် ရောက်ခွင့်ပေးခဲ့သည်။ 
ဥရောပသမဂ္ဂသည် ဩဂုတ် ၃၀ ရက်ကလည်း အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့မှလာမည့် ခရီးသွားများကိုမူ    ခရီးသွားလာမှုကန့်သတ်ချက် ပြန်လည်ချမှတ်ခဲ့သည်။


အင်န်အိတ်ချ်ကေ