ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာရှ-ပစိဖိတ်နိုင်ငံများတွင် အကြီးအကျယ်ထိခိုက်ပျက်စီးလျက်ရှိ

 

ဟောင်ကောင်   ဇူလိုင်   ၃၀


ကိုဗစ်-၁၉ ကပ်ရောဂါသည် အာရှ-ပစိဖိတ်နိုင်ငံများတွင် အကြီးအကျယ် ထိခိုက်ပျက်စီးလျက်ရှိချိန်တွင် အိန္ဒိယနိုင်ငံ၌  ဇူလိုင် ၃၀  ရက်အထိ  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၁၅၇၂၃၄၄ ဦး ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင်လည်း တစ်နေ့အတွင်း သေဆုံးသူ စံချိန်တင်မြင့်တက်လာခဲ့သည်။ 
 

အိန္ဒိယ 
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ပေါင်း ၃၁၅၇၂၃၄၄ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏   နောက်ဆုံးထုတ်ပြန် လိုက်သော အချက်အလက်များတွင်  ဖော်ပြထား သည်။ 
ထို့ပြင်  ကိုဗစ်-၁၉ ကြောင့် စုစုပေါင်းသေဆုံးသူ ၄၂၃၂၄၄ ဦးအထိ ရောက်ရှိလာခဲ့သည်။ 
အင်ဒိုနီးရှား 
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၄၁၁၆၈ ဦးရှိပြီး ၁၇၅၉ ထပ်မံသေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားကတည်းက အဆိုပါ ပမာဏသည် တစ်နေ့တည်းအများဆုံးသေဆုံးသည့် ပမာဏဖြစ်သည်။ 
နောက်ဆုံးသတင်းအချက်အလက်များကို အခြေ ခံ၍ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒို နီးရှားနိုင်ငံ၏ စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၃၇၂၃၇၄ ဦးရှိလာခဲ့ပြီး  ကိုဗစ်-၁၉    ဆက်စပ် သေဆုံးသူ ၉၂၃၁၁ ဦး  ရှိလာခဲ့သည်။ 
ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားမှုမှ    ပြန်လည် ကောင်းမွန်လာပြီးဆေးရုံမှဆင်းလာသူ   ၄၄၅၅၀  ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ မှ ပြန်လည် ကောင်းမွန်လာသူ ၂၇၃၀၇၂၀ အထိ  ရောက်ရှိလာ သည်။ 
အရှေ့တောင်အာရှနိုင်ငံ   တစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ ကာကွယ်ဆေးထိုး အစီအစဉ်ကို အရှိန်အဟုန်မြင့်   ဆောင်ရွက်လျက် ရှိပြီး လူဦးရေ ၂၀ ဒသမ ၁၄   သန်း  ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးကြောင်း သိရသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉   ကာကွယ်ဆေး  ပထမ တစ်ကြိမ် ထိုးနှံပြီးသူပေါင်း  ၄၆ ဒသမ ၈၀ သန်း ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက   သတင်း ထုတ်ပြန်ဖော်ပြသည်။  
မလေးရှား
မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ  ၁၆၈၄၀   ရှိလာမှုနှင့်အတူ  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ  စုစုပေါင်း ၁၀၉၅၄၈၆ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း    ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန်အဗ္ဗဒူလာက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၇ ဦး မှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၁၆၈၂၃ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြားလိုက် သည်။ 
ကိုဗစ်-၁၉ ကြောင့် နောက်ထပ် ၁၃၄ ဦး  သေဆုံး ကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း   ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၈၈၅၉ ဦး  ရှိလာခဲ့ပြီဖြစ်သည်။
ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ   ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၁၂၁၇၉ ဦး ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကောင်းမွန်လာသူ   ၉၀၂၉၂၁  သို့မဟုတ် ၈၂ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။  
ဖိလစ်ပိုင် 
ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၈၅၆၂ ဦးရှိကြောင်း ဖော်ပြ မှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၅၈၀၈၂၄ ဦးအထိ ရောက်ရှိလာခဲ့သည်။ 
ကိုဗစ်-၁၉ ကြောင့် နောက်ထပ် ၁၄၅ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၂၇၇၂၂ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဌာနက ဖော်ပြလိုက်သည်။ 
ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေး ပြီးသူ ၁၅ သန်းကျော်ရှိလာပြီဖြစ်သည်။ အစိုးရသည် မြို့တော်မနီလာကို သြဂုတ် ၆ ရက်မှစပြီး တင်းကျပ် သည့် ကန့်သတ်ပိတ်ဆို့မှုပြုလုပ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။  
တောင်ကိုရီးယား 
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၇၁၀ ဦး ရှိလာပြီးနောက် စုစု ပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၉၆၈၀၆ ဦး  အထိ ရောက်ရှိလာခဲ့သည်။ 
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများမှာ ဆိုးလ်ဒေသခံများနှင့် ချုံဂျီပြည်နယ်တို့မှ အများဆုံးဖြစ်သည်။ 
ကိုဗစ်-၁၉ ကြောင့် လေးဦး  ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်းသေဆုံးသူ ၂၀၈၉ ဦးအထိ ရောက်ရှိ လာသည်။ 
အသွားအလာကန့်သတ်နေထိုင်မှုမှ   အပြည့်အဝ ပြန်လည်ကောင်းမွန်လာသူ   ၁၁၉၈ ဦး ရှိလာသော ကြောင့် စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၇၂၇၅၇ ဦး ရှိလာ ခဲ့သည်။ နိုင်ငံအတွင်းကိုဗစ်-၁၉ စမ်းသပ်စစ်ဆေး ပြီးသူ ၁၁ ဒသမ ၆၈ သန်းရှိလာခဲ့သည်။ 
ကမ္ဘောဒီးယား
ကမ္ဘောဒီးယားနိုင်ငံတွင်  ကိုဗစ်-၁၉  ထပ်မံ ကူးစက် ဖြစ်ပွားသူ ၆၆၈ ဦး ရှိလာပြီးနောက် စုစု ပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၆၅၈၅ ဦး အထိရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားလိုက်သည်။ အသစ်ထပ်မံကူးစက် ဖြစ်ပွားသူများအနက် ၂၄၀ မှာ ပြည်ပကူးစက်ဖြစ်ပွား သူများဖြစ်ကြသည်။  
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၅ ဦး ရှိလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၃၇၅ ဦးအထိ  ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၆၉၁၉၈ ဦး   ရှိလာပြီ ဖြစ်သည်။                                            

ဆင်ဟွာ