ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၇   
ကိုဗစ်-၁၉  ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် စီးပွားရေးသက်ရောက်မှု  များအပေါ်    ကုစားရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်း  အဝေး   အမှတ်စဉ် (၁/၂၀၂၃)  ကို  ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်မြို့ရှိ    ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်း  ဒေသကြီး  ဦးစီးမှူးရုံး၌   Hybrid   Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့    လုပ်ငန်း အဖွဲ့ခေါင်းဆောင်   ရင်းနှီးမြှုပ်နှံမှု  နှင့်  နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊     တိုင်း ဒေသကြီး/ ပြည်နယ် ချေးငွေစိစစ် ကြပ်မတ်ရေး   အဖွဲ့ခေါင်းဆောင် များ၊        လုပ်ငန်းအဖွဲ့ဝင်များ၊  သက်ဆိုင်ရာ ဌာနကိုယ်စားလှယ် များနှင့်  အဖွဲ့အစည်းများ တက် ရောက်ကြသည်။ (အပေါ်ပုံ)
အစည်းအဝေးတွင်  လုပ်ငန်း အဖွဲ့ခေါင်းဆောင်က       တိုင်း ဒေသကြီး/ပြည်နယ်များရှိ စိုက်ပျိုး  ရေးလုပ်ငန်းများ၊  မွေးမြူရေး လုပ်ငန်းများ၊  ကုန်ထုတ်လုပ်ငန်း များ၊   စားသောက်ဆိုင်လုပ်ငန်း များ၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း များ၊      ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊   CMP လုပ်ငန်းများ၊     အသေးစား၊ အငယ်စားနှင့်     အလတ်စား (MSME) လုပ်ငန်းများ အပါအဝင် ကုမ္ပဏီ/    လုပ်ငန်း    စုစုပေါင်း ၅၉၉၀ အတွက်  ချေးငွေပမာဏ  ငွေကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလီ ယံ၊   နိုင်ငံသားပိုင်  ငါး၊   ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေး  ကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခု အတွက် ချေးငွေပမာဏ ငွေကျပ် ၇ ဒသမ ၆၃ ဘီလီယံအား ချေးငွေ ထုတ်ပေးခဲ့ပြီး    ဖြစ်ပါကြောင်း၊ ထုတ်ပေးထားသည့်  ချေးငွေများ ကို     စိစစ်ကြီးကြပ်ဆောင်ရွက် ရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေရှိမှု တို့ကိုသာမက  ချေးငွေထုတ်ပေး ထားသည့်     လုပ်ငန်းများ၏ အောင်မြင်မှုနှင့်    လုပ်ငန်းလည် ပတ်နိုင်မှု         အခြေအနေကို စောင့်ကြည့်လေ့လာ  အကဲဖြတ်  ခြင်း (Monitoring and Evaluation Process)  ဆောင်ရွက်နိုင်ရေး အတွက် Success Story စစ်တမ်း ကောက်ယူရန်    ကိစ္စရပ်များကို ဆွေးနွေးသည်။
ဆက်လက်၍  အစည်းအဝေး တက်ရောက်လာသူများက ချေးငွေ  နှင့် အတိုးကောက်ခံရရှိမှု  အခြေ အနေ၊ ချေးငွေထုတ်ယူထားသော  လုပ်ငန်းများမှ  ပြန်လည်ပေးဆပ် လျက်ရှိသည့်  အခြေအနေ၊   Success Story  စစ်တမ်းကောက်ယူ ရန်  ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို     တင်ပြ ဆွေးနွေးခဲ့ကြသည်။  
သတင်းစဉ်