
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်
ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် ( ၆ / ၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၁) ဆုံးဖြတ်ချက်အရ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲစာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၂၃၂) ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုလိုက်သည်။
၂။ ချေးငွေထုတ်ယူခွင့် ရရှိသူများအနေဖြင့် ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေ ထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး
သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ