ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း အသိအမှတ်ပြုလက်မှတ်အသုံးပြုမှု အီးယူတွင် စတင်

 

ဘရပ်ဆဲလ်  ဇူလိုင်  ၂


ဥရောပသမဂ္ဂ (အီးယူ )တွင် ကိုဗစ်- ၁၉ ကာကွယ်‌ဆေး  အပြည့်အဝ ထိုးပြီးကြောင်း  သို့မဟုတ် ပီစီအာ ဆေးစစ်မှု    ပြုလုပ်ပြီးကြောင်း ဒစ်ဂျစ်တယ်      အသိအမှတ်ပြု လက်မှတ်အသုံးပြုခြင်းကို စတင် လိုက်ကြောင်း သိရသည်။  


ကိုဗစ် - ၁၉            ဒစ်ဂျစ်တယ် အသိအမှတ်ပြုလက်မှတ် အသုံး ပြုခြင်းမှာ   ဇူလိုင်   ၁  ရက်တွင် စတင်အသက်ဝင်ပြီး   အီးယူအဖွဲ့ ကြီးအတွင်း    အဖွဲ့ဝင်နိုင်ငံများ အကြား  သွားလာဆက်ဆံရာတွင် အဆင်ပြေ         ချောမွေ့စေရေး အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ ဒစ်ဂျစ်တယ်   အသိ အမှတ်ပြု            လက်မှတ်မှာ ကိုင်ဆောင်သူများအနေဖြင့် မည် သည့်ကာကွယ်ဆေးကို အသုံးပြု ထားသည်ကိုပါ  ထည့်သွင်းထား သည်။    ခရီးသွားများအနေဖြင့် လေဆိပ်များနှင့်    အခြားသော နေရာများတွင်      ကျူအာကုဒ် ဖတ်၍လည်း ၎င်းတို့၏ ဒစ်ဂျစ် တယ် အသိအမှတ်ပြု လက်မှတ်ကို ပြသ၍ ရသည်။ အီတလီ လေဆိပ် တွင် ခရီးသည်များသည် ၎င်းတို့ ၏  မိုဘိုင်းများမှတစ်ဆင့်  ကျူအာ ကုဒ်ဖတ်ရန်   လေဆိပ်ဝန်ထမ်းများ ကိုပြသကြသည်။ 


အဆိုပါခြေလှမ်းမှာ  ဥရောပ နှင့်   အခြားသော    နေရာများသို့ သွားလာရာတွင် ခရီးသွားလာမှု လုပ်ငန်းကို     ပြန်လည်ဦးမော့လာ စေရန် အရေးပါသည့် အခြေလှမ်း ပင်ဖြစ်သည်ဟု   လေဆိပ်ဝန်ထမ်း များက ပြောသည်။ 


အင်န်အိတ်ချ်ကေ