
နေပြည်တော် ဩဂုတ် ၂၃
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများ ပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ကုန်သွယ်ရေးစခန်း ငါးခုမှ တင်သွင်း
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့ သောင်း ကုန်သွယ်ရေးစခန်း ငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၂၃ ခုမှ ယာဉ်စီးရေ ၃၉ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ငါးတန်၊ အောက်ဆီ ဂျင် (အိုးခွံ) ၄၉၆၇ ခု၊ Oxygen Plant နှစ်ခု၊ Oxygen Generator နှစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၁၅၆ ခု၊ PPE ဝတ်စုံ ၁၁၃၄၀၊ လက်အိတ်နှင့် နှာခေါင်းစည်းများ တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant နှစ်ခုမှာ နေပြည်တော်နှင့် ရန်ကုန်မြို့သို့ တစ်ခုစီဖြစ် ကြောင်း သိရသည်။
တိုက်ရိုက်ဆက်သွယ်နိုင်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင် ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ် သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်