ခုံသမာဓိကောင်စီအဖွဲ့ဝင်များအနေဖြင့် သမာသမတ်ကျစွာနှင့် မျှတစွာဆုံးဖြတ်ပေးရန်လို

 

မန္တလေး    နိုဝင်ဘာ    ၁၁


အငြင်းပွားမှုများကို      ဖြေရှင်းဆောင်ရွက်သည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊   ခုံသမာဓိအဖွဲ့နှင့်   ခုံသမာဓိ ကောင်စီ အဖွဲ့ဝင်များအနေဖြင့် အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေခြင်း၊  ကြားနာစစ်ဆေးဆုံးဖြတ်ခြင်းတို့တွင်    အငြင်းပွားသူနှစ်ဖက်အကြား    Win Win Situation ဖြစ်စေမည့်  ရလဒ်ရရှိအောင်  ဖျန်ဖြေပေး ရန်နှင့် အလုပ်ရှင်၊ အလုပ်သမားများအကြား  နှစ်ဖက် သမာသမတ်ကျစွာနှင့်      မျှတစွာဆုံးဖြတ်ပေးရန် လိုကြောင်း အလုပ်သမားဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

 


ယနေ့နံနက်ပိုင်းက      ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့တော်  စည်ပင်သာယာရေးကော်မတီရုံး၌ ကျင်းပသည့် အလုပ်သမားဝန်ကြီးဌာန  အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ် ပွဲတွင်    ပြည်ထောင်စုဝန်ကြီးက    ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်ပြီး    လုပ်ငန်းခွင်ဆက်ဆံရေး   ကောင်းမွန် လာစေရန်အတွက်  အလုပ်ရှင်နှင့်  အလုပ်သမားများ လုပ်ငန်းခွင်အတွင်း၌     ကနဦးဆွေးနွေးညှိနှိုင်းခြင်း ဖြင့်  အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး  ကောင်း မွန်လာပြီး    ကုန်ထုတ်လုပ်မှုများ    တိုးတက်ခြင်း၊ လုပ်ငန်းအကျိုးအမြတ်များ ရရှိခြင်းမှတစ်ဆင့် နှစ်ဦး နှစ်ဖက်စလုံး    အကျိုးကျေးဇူးများစွာ    ဖြစ်ထွန်းလာ စေမည်ဖြစ်ကြောင်း၊   အလုပ်သမားရေးရာ    အငြင်း ပွားမှု      ဖြေရှင်းရေးဥပဒေကို      ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊   ယင်းဥပဒေအရ    Tripartite    အဖွဲ့ များ၏     အခန်းကဏ္ဍသည်      အရေးကြီးလာကြောင်း။

 


နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏     လူမှုစီးပွားဘဝကို အလေးပေး  ဖော်ဆောင်လျက်ရှိကြောင်း၊   ပုဂ္ဂလိက ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်   နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းသည် နိုင်ငံတော် ၏စီးပွားရေး    ဖွံ့ဖြိုးတိုးတက်မှုကို   အထောက်အကူ ဖြစ်စေပြီး   အလုပ်အကိုင်အခွင့်အလမ်းများ    ဖန်တီး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊    ပြည်တွင်းအလုပ် အကိုင် ရရှိခြင်းကြောင့်   ပြည်သူများ၏    လူမှုဘဝ တိုးတက်ရေးကို     အထောက်အကူပြုလာမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 


ယင်းနှီးနှောဖလှယ်ပွဲတွင် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်က နှီးနှောဖလှယ်ပွဲ   ကျင်းပပြုလုပ်ရသည့်  ကိစ္စရပ်များ ကိုလည်းကောင်း၊     ခုံသမာဓိ    ကောင်စီဝင်တစ်ဦးက အလုပ်သမားရေးရာ     အငြင်းပွားမှုများ    စစ်ဆေး ဆုံးဖြတ်ရာတွင်    တွေ့ကြုံရသည့်     အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း၊     အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန       လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်ရုံနှင့် အလုပ်သမား  ဥပဒေစစ်ဆေးရေး ဦးစီး ဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အလုပ် သမားရေးရာ   ဆက်ဆံရေးဦးစီးဌာနမှ    ညွှန်ကြား ရေးမှူးတို့က    ဦးစီးဌာနအလိုက်   စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် နေမှု၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသော    စိန်ခေါ်မှုများ၊    အားသာချက်၊ အားနည်းချက်များကိုလည်းကောင်း       ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး   တက်ရောက်လာသည့်  ကိုယ်စား လှယ်များ၏ အုပ်စုလိုက်  ဆွေးနွေးခြင်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 


အဆိုပါ   နှီးနှောဖလှယ်ပွဲကို     အလုပ်ရှင်နှင့် အလုပ်သမားအကြား   ဖြစ်ပွားသော   အငြင်းပွားမှု များအား ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာဖြေရှင်းနိုင်ရေး  နည်းလမ်းကောင်းနှင့်  ရလဒ်ကောင်း များ ဖော်ထုတ်နိုင်စေရန်  ရည်ရွယ်ကျင်းပရခြင်းဖြစ် ကြောင်းနှင့် နှီးနှောဖလှယ်ပွဲသို့ မန္တလေးတိုင်းဒေသ ကြီး  ဝန်ကြီးချုပ်      ဦးမောင်ကို၊     တိုင်းဒေသကြီး ဝန်ကြီးများ၊    ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊   ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်    ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့်   ဌာနဆိုင်ရာတာဝန် ရှိပုဂ္ဂိုလ်များ၊      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်    စက်မှုလက်မှု    လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ       ကိုယ်စားလှယ်များ၊   မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) မှ ကိုယ်စား လှယ်များ    တက်ရောက်ခဲ့ကြကြောင်း       သိရ သည်။                

                             

သတင်းစဉ်