ခရမ်းမြို့နယ်၌ အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့

 

ခရမ်း စက်တင်ဘာ ၂၀


ခရမ်းမြို့နယ်၌ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ငွေများ  ပေးအပ်ပွဲကို   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌   ယမန်နေ့က   ကျင်းပသည်။

 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲ က ခရမ်းမြို့နယ်၌ သက်ကြီးဘိုးဘွား ၇၂၃ ဦးရှိပြီး ဒုတိယသုံးလပတ် အတွက် ထောက်ပံငွေများပေးအပ်ခြင်းဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွား များအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများကလည်း သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားဖြစ်ကြောင်း ပြောကြားသည်။

 

ခရမ်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဇူလိုင်၊ သြဂုတ်၊  စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ရာ ခရမ်းမြို့နယ်အတွင်းရှိသက်ကြီး ဘိုးဘွား စုစုပေါင်း ၇၂၃ ဦးအတွက် ငွေကျပ် ၂၁၆၉၀၀၀၀  သိန်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များက   သက်ဆိုင်ရာ   ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။          

                                                   

ကိုမင်း(ခရမ်း)