
ခရမ်း ဒီဇင်ဘာ ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ် ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် မေလပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်က ခရမ်း မြို့နယ် ညောင်ပင်သာကျေးရွာတွင် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်း နှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးသည်။ မောင်းမကျေးရွာ ၌ ကျေးရွာနေပြည်သူများနှင့် အလက( ညောင်ပင်သာ) အလယ်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၃၇ ဦးနှင့် ကျေးရွာနေပြည်သူ ၁၂၀ စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၅၇ ဦးတို့ကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးမောင်မောင်သန်း၊ အလက ( ညောင်ပင်သာ) ကျောင်းအုပ်ဆရာမကြီး နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)