ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်သကဲ့သို့ ရှိပြီးသား ခရီးစဉ်ဒေသများကိုလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လို

 

နေပြည်တော်   အောက်တိုဘာ   ၃၁ 


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ပိုင်းတွင် ဘားအံမြို့ရှိ Thiri Hpa-an Hotel ၌ ကျင်းပသည့် ဟိုတယ်ဆိုင်ရာ  လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်)၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။    

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့်   ဟိုတယ်နှင့်ခရီးသွားကဏ္ဍအား အထူးအားထားပါကြောင်း၊       ဘားအံမြို့သည်   ခရီးသွားများလည်ပတ်ချင်စရာ ခရီးစဉ်ဒေသများ ပေါကြွယ်ဝသည့်အတွက် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း   ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်သကဲ့သို့   ရှိပြီးသားခရီးစဉ် ဒေသများကိုလည်း    ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်များအနေ ဖြင့်လည်း လာရောက်တည်းခိုသည့်    ခရီးသွား ဧည့်သည်များ အကြိမ်ကြိမ် ပြန်လည်တည်းခိုလာနိုင် ရေးအတွက် မိမိတို့၏ ကောင်းမွန်သော ကျန်းမာရေး နှင့်ဘေးကင်းလုံခြုံမှုရှိသော ဝန်ဆောင်မှုကောင်းများ ပေးရန် လိုအပ်ပါကြောင်း၊ ဘားအံမြို့ရှိ ခရီးသွား ဆွဲဆောင်မှုရှိသောနေရာများကို ခရီးသွားဧည့်သည် များ ပိုမိုများပြားစွာ လာရောက်ပတ်လည်နိုင်ရေး အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူလူထု အားလုံး    ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

 


ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစန်းကိုနှင့် တက်ရောက်လာ သောလုပ်ငန်းရှင်များက   ကရင်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်း  သားရေးရာဝန်ကြီးက ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ စစ်ဆေး၍    ပြန်လည်ဖွင့်လှစ်ခွင့်ပြု ထားပြီးဖြစ်သည့် ဟိုတယ်များကို   Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြုလက်မှတ်ပေးအပ်ရာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) ဥက္ကဋ္ဌက လက်ခံရယူသည်။

 


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် ပြည်‌ထောင်စုရိပ်သာ အစည်းအဝေး ခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် ဦးစီးသော ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပြီး မကြာမီ ကာလအတွင်း (၇၅)နှစ်မြောက် ပြည်‌ထောင်စုနေ့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့်  ပွဲတော်ကာလတွင် ပြည်နယ်၏ ရိုးရာအကအလှများ၊ အစားအသောက် များ၊ ရိုးရာဝတ်စုံများကို စိတ်ဝင်တစားဖြစ်အောင်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်  လိုအပ်ပါ ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း    လိုင်စင် လေးမျိုးအား   တိုင်းဒေသကြီး၏   စီမံခန့်ခွဲမှုဖြင့် လုပ်ငန်းလိုင်စင်များ ကြန့်ကြာမှုမရှိ‌အောင် ဆောင် ရွက်ပေးသည့်အတွက်   ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသအတွင်း   ဟိုတယ်နှင့်  ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ     ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်အပိုင်းများ တွင် ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးမည်    ဖြစ်ပါ ကြောင်း ပြောကြားသည်။

 


ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည် ကရင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်  ဥယျာဉ်လမ်းရှိ ဘားမဲတောင် သဘာဝဥယျာဉ်သို့ရောက်ရှိရာ တာဝန်ရှိသူများက ဘားမဲတောင်သဘာဝဥယျာဉ်အတွင်း      လုပ်ငန်း ဆောင်ရွက်နေမှုနှင့်        ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေမှုကို   ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း၍ အကြံပြုခဲ့ကြောင်း သိရသည်။

သတင်းစဉ်