ခန္တီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်  မတ်  ၁၅


စစ်ကိုင်းတိုင်းဒေသကြီး    ခန္တီး မြို့နယ် လုံခင်ကျေးရွာ ဘုန်းတော် ကြီးကျောင်း၌  သံဃာတော်များ နှင့်   ဒေသခံပြည်သူ   စုစုပေါင်း ၆၈ ဦးကိုလည်းကောင်း၊  မန္တလေး တိုင်းဒေသကြီး       ပြင်ဦးလွင် မြို့နယ် ဝက်ဝံကျေးရွာရှိ အခြေခံ ပညာ  အထက်တန်းကျောင်း၌ သံဃာတော်များနှင့်    ဒေသခံ ပြည်သူ စုစုပေါင်း ၂၆၅ ဦးတို့ကို လည်းကောင်း       ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ မှ နယ်မြေခံဆေးကုသရေးအဖွဲ့ များက ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ  ဆောင်ရွက်ပေး သည်။

 


တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့များက သံဃာ တော်များနှင့် ဒေသခံပြည်သူများ ကို  သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်နှင့်    အူလမ်းကြောင်း ဆိုင်ရာရောဂါ၊       အရိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချို ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊    မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့်       ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို   သက်ဆိုင်ရာတပ်နယ် များမှ      တာဝန်ရှိသူများက သွားရောက်     ကြည့်ရှုအားပေး ပြီး   လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်