
မုံရွာ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ နိုဝင်ဘာ ၁ ရက်က ခန္တီးမြို့နယ် ခန္တီး-ဆင်သေ-လဟယ်လမ်းပေါ်ရှိ နန့်စလိမ်ချောင်းတံတား တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားအထူးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇေယျာစိုးက နန့်စလိမ် တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နန့်စလိမ်ချောင်း တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေး ပြီး နန့်စလိမ်ချောင်းတံတား တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ရာနှုန်းပြည့်ပြီးစီး
အဆိုပါ တံတားသည် ခန္တီး မြို့ - ဆင်သေ - လဟယ်မြို့ လမ်းပေါ်တွင် တည်ရှိပြီး အရှည် ၃၃၀ ဒသမ ၄၅ ပေ၊ တံတား အကျယ် ၃၀ ဒသမ ၅ ပေ၊ တံတားခံနိုင်ဝန် တန် ၆၀၊ တံတား ကင်းလွတ်အမြင့် သုံးပေဖြစ်ပြီး တံတားတည်ဆောက်ရေး လုပ် ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ရာ တံတားအပေါ် ကတ္တရာခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
လှူဖွယ်ပစ္စည်းများဆက်ကပ်
ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် လဟယ်မြို့သို့ ရောက်ရှိ ရာ ဒေသခံတိုင်းရင်းသားများ နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက် ဆရာတော်ကြီး ထံ သင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
စားသောက်ဖွယ်ရာများပေးအပ်
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် လဟယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိ ရာ ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာ သင်ကြားနေမှုကို ကြည့်ရှု အားပေးပြီး ဆရာ ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးကာ စားသောက်ဖွယ်ရာ များ ပေးအပ်သည်။ ဆက်လက် ၍ လဟယ်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသော လူနာ များအတွက် စားသောက်ဖွယ်ရာ များ ပေးအပ်သည်။ လဟယ်မြို့ မြို့မနှစ်ခြင်းခရစ်ယာန်ကျောင်းသို့ ရောက်ရှိရာ အသင်းအုပ်ဆရာ ထံ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဒေသခံများနှင့် တွေ့ဆုံ
ဆက်လက်ပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် လဟယ်မြို့ အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်း ခန်းမ၌ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသ ခံ တိုင်းရင်းသားများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၃၀ ၊ Concentrator ၁၀ လုံးနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ ငွေ၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ရေးသုံးပစ္စည်းများ၊ စားသောက် ဖွယ်ရာများ၊ အားကစားပစ္စည်း များနှင့် ဒေသခံတောင်သူများ အတွက် စိုက်ပျိုးရေးသုံးပစ္စည်း များကို တာဝန်ရှိသူများထံ ပေးအပ်ကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)