ချည်မျှင်ရှည်ဝါသီးနှံ မျိုးစေ့ထုတ် တောင်သူအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ရမည်းသင်း   နိုဝင်ဘာ   ၂၅


မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂  ခုနှစ်  မိုးနှောင်းချည် မျှင်ရှည်ဝါသီးနှံ     မျိုးစေ့ထုတ် တောင်သူ အသိပညာပေးဆင့်ပွား သင်တန်းကို နိုဝင်ဘာ ၂၃ ရက်က ရမည်းသင်းမြို့နယ်     ပဲ့ဆည် ကျေးရွာအုပ်စု သရက်ပင်ကျေးရွာ တောင်သူ ဦးဇော်လွင်၏ မိုးနှောင်း ချည်မျှင်ရှည်ဝါမျိုး    ယှဉ်ပြိုင် စမ်းသပ်ကွက်မဏ္ဍပ်၌    ပြုလုပ် သည်။ 


ဆွေးနွေး


ထိုသို့  မျိုးစေ့ထုတ်တောင်သူ အသိပညာပေး ဆင့်ပွားသင်တန်း တွင်     တက်ရောက်လာသော  တောင်သူများအား  အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေ ပေးအပ်သည်။    ယင်းနောက် သင်တန်းအခမ်းအနားကို ဖွင့်လှစ် ကာ     ရမည်းသင်းခရိုင်    စိုက်ပျိုး ရေးဦးစီးဌာန            ဦးစီးမှူး  ဒေါ်သက်သက်ထွန်း၊ မြို့နယ်ဦးစီး မှူး ဦးဝင်းချို၊ ဒုဦးစီးမှူး ဦးသန်းဝင်း တို့က     ဟောပြောဆွေးနွေးကြ သည်။ 


သင်တန်းကို တောင်သူ ၅၅ ဦး တက်ရောက်ကြရာ စိုက်ပျိုးရေး ဦးစီးဌာနမှ        ဝန်ထမ်းများက “တောင်သူများအတွက် ချည်မျှင် ရှည်ဝါ မျိုးကောင်း မျိုးသန့်ရရှိရေး၊ ဝါအထွက်နှုန်းတိုးရေး၊ စနစ်တကျ မျိုးစေ့ထုတ်လုပ်ပုံ နည်းစနစ်နှင့် ဝါကြိတ်ခွဲပုံ    အဆင့်ဆင့်တို့ကို ပရိုဂျက်တာဖြင့်   ပြသရှင်းလင်း ပြောကြားပြီး တောင်သူများ သိရှိ လိုသည့်     မေးမြန်းချက်များကို        ပြန်လည်ရှင်းလင်း       ပြောကြား သည်။   ယင်းနောက်    ချည်မျှင် ရှည်ဝါ မျိုးကောင်းမျိုးသန့်များ၏ အရည်အချင်း၊ လက္ခဏာများကို လက်တွေ့        ရှင်းလင်းပြသခဲ့ သည်။ 


လှိုင်သန်းတင့်(ရမည်းသင်း)