ခင်ဦးမြို့နယ် မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ လက်လုပ်သေနတ်များနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

 

နေပြည်တော်  ဇန်နဝါရီ  ၃


နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်၊ စာပေသင်ကြားခြင်း မပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထောက်ခံအားပေး  လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံ  အသုံးပြုကာ  ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

 


ထိုသို့ နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင်  စစ်ကိုင်းတိုင်းဒေသကြီး  ခင်ဦးမြို့နယ်    မြကန်ကျေးရွာရှိ   အခြေခံပညာ မူလတန်းကျောင်း၌   KG   မှ   Grade-5   အထိ ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်အား ဆရာ၊ ဆရာမ  ၁၀    ဦး   တို့က   ကြီးကြပ်ပညာသင်ကြားပေးမှုများ ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား များသည်   ဆရာ၊   ဆရာမများအား   နှောင့်ယှက် ခြိမ်းခြောက်မှုများ  ပြုလုပ်၍  မောင်းထုတ်ကာ ကျောင်းဝင်းအတွင်း၌ အကြမ်းဖက်အဖွဲ့များ နေထိုင် ကြခြင်း၊ အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ခြင်းများ၊ ကျောင်းဝင်းအတွင်း         လက်နက်/ခဲယမ်းများ ထုတ်လုပ်ခြင်း၊ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 


သို့ဖြစ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ယုတ်မာရိုင်းစိုင်းမှုကို     ရွံရှာမုန်းတီးလျက်ရှိပြီး  ကျောင်းဖွင့်လှစ်ပေးရန် လိုလားသော ကျောင်းသား မိဘများ၊ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူ များ၏ လျှို့ဝှက်စွာ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ်  ဇန်နဝါရီ  ၂  ရက်  နံနက်ပိုင်းတွင်  လုံခြုံရေး တပ်ဖွဲ့ဝင်များသည်  စစ်ကိုင်းတိုင်းဒေသကြီး  ခင်ဦး 
မြို့နယ်  မြကန်ကျေးရွာရှိ      အခြေခံပညာမူလတန်း ကျောင်း (မြကန်)သို့  သွားရောက်ရှင်းလင်းရှာဖွေခဲ့ရာ ကျောင်းဝင်း အတွင်းမှ  လက်လုပ်သေနတ် (အရှည်) ခုနစ်လက်၊ လက်လုပ်ပစ္စတို တစ်လက်၊  လက်လုပ် RPG သုံးလက်၊ ၁၂ ဗို့ကျည် ၁၄၃ တောင့်၊  လက်လုပ် ရှေ့ထွက်မိုင်း ခြောက်လုံး၊    လက်လုပ်လက်ပစ်ဗုံး တစ်လုံး၊ ယမ်းမည်း ၂ ပိဿာ၊    ဆားကစ်ပြား နှစ်ခု၊ ဆိုင်ကယ်ဘက်ထရီအိုး ၁၃ လုံး၊ ဝိုင်ယာကြိုးပေ ၃၀၊ နိုင်လွန်ကြိုး  ပေ ၃၀၀ ၊    ကြေးနန်းကြိုး  ပေ ၃၀ ၊ ဆေးထိုးပိုက် ခြောက်ချောင်း၊  ပြောက်ကျားဦးထုပ် ရှစ်လုံး၊ ပြောက်ကျားအင်္ကျီတစ်ထည်၊ ကျည်ကာ အင်္ကျီ သုံးထည်၊ ချိန်းဆောတစ်ခု၊ အင်ဗာတာ နှစ်လုံး၊ လမ်းလျှောက်စကားပြောစက် ရှစ်လုံး၊   အားသွင်းခုံ နှစ်ခု၊     ဖောက်ခွဲဖျက်ဆီးရေးတွင်   အသုံးပြုမည့် ဆိုင်ကယ်ဘောစေ့ အလုံး  ၅၀ တို့ကို  သိမ်းဆည်း ရမိခဲ့သည်။

 


သို့ဖြစ်ပါ၍   တာဝန်ရှိသူများက   ခင်ဦးမြို့နယ် မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း အား ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆက်လက် ဆောင်ရွက် လျက်ရှိပြီး ကျောင်းမဖွင့်လှစ်နိုင်ရန်   ခြိမ်းခြောက် အကျပ်ကိုင်သူ         အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍   ဥပဒေနှင့်အညီ   ထိရောက်စွာ အရေးယူနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက  စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ပတ်သက်သော သတင်းများအား   လျှို့ဝှက်စွာ    ပေးပို့တိုင်ကြား နိုင်ပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်