
နေပြည်တော် ဇူလိုင် ၁၃
ယနေ့နံနက် ၉ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် လေးပေခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ထို့အပြင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခန့်တွင် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ