ချင်းပြည်နယ်ဝန်ကြီးချုပ် ဟားခါးမြို့ အထက(၁)ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

 

ဟားခါး  စက်တင်ဘာ  ၃


ချင်းပြည်နယ်       အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဟားခါးမြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ယနေ့ နံနက် ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင် ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာဝုန်ဆွန်းထန်  တက် ရောက်ကြည့်ရှုအားပေးသည်။

 


ထိုသို့       ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ များမှ    တပ်မတော်သားများ၊  မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့နှင့်   ဌာန ဆိုင်ရာဝန်ထမ်းများက   အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းရှိ  ချုံနွယ် ပိတ်ပေါင်းများနှင့်    ပေါင်းမြက် များ  ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

 


ကြည့်ရှုအားပေး


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို   ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်း ထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်    ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်      ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်   မျိုးထွဋ်လှိုင်၊   စစ် ဗျူဟာအခြေချ (ဟားခါး)   မှ    စစ်ဗျူဟာမှူး    ဗိုလ်မှူးကြီး  စောထွန်းနှင့်  ဌာန ဆိုင်ရာ     တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်နေကြသည့် တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။


ခရိုင်(ပြန်/ဆက်)