ချင်းပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၁


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက    သံဃာတော်များနှင့်    သီလရှင်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်းများအဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


အလားတူ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ချင်းပြည်နယ်     ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး  (ဟားခါး)  ရှိ ဝန်ထမ်းများက ဟားခါးမြို့ သုခိတာရုံသီလရှင် စာသင်တိုက်ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။                                                

  သတင်းစဉ်