ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဟားခါး  ဇွန်  ၁၈


ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊  မြေယာအသုံးချမှုနှင့်  ကုန်ထုတ်စွမ်းအားတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ( ၁ / ၂၀၂၂ ) ကို  ယမန်နေ့က    ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်   ဦးငွန်ဆန်း အောင်က  ချင်းပြည်နယ်ကို   ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ပြည်နယ်     ဖြစ်လာစေရေးအတွက် အစိုးရအဆက်ဆက်မှ အစဉ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊      လုပ်ငန်းစီမံကိန်းများနှင့် ဘတ်ဂျက်ခွဲဝေရာတွင် နိုင်ငံတော်အကြီးအကဲများက ချင်းပြည်နယ်ကို အတတ်နိုင်ဆုံး ဦးစား ပေးထားပါ ကြောင်း ၊  ယနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့်  ဌာနဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် နိုင်ငံတော်အကြီးအကဲများ၏ စေတနာ ကို အလေးထား၍ ခွဲဝေခွင့်ပြုထားသည့် ရန်ပုံငွေများ နှင့်   ထိုက်တန်သည့်   လုပ်ဆောင်ချက်များကို ဆောင်ရွက်ပြရန်လိုကြောင်း၊  မိမိတို့ဌာနအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ စီမံကိန်း လုပ်ငန်းများမှ   ရရှိသည့်   အောင်မြင်မှုများနှင့် အောင်မြင်မှုမရှိပါက မည်ကဲ့သို့  မအောင်မြင်ခြင်း ဖြစ်သည်ကို    ရှင်းလင်းတင်ပြစေလိုကြောင်းဖြင့် ပြောကြားသည်။

 


ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးသည်    တိုက်ရိုက်ဆက်နွှယ်နေပါ ကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိပါက   မည်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းမှ   ဆောင်ရွက်နိုင်မည်မဟုတ်သလို ပြည်သူများ၏ လူမှုစီးပွားဘဝသည်လည်း   တိုးတက် လာမည်မဟုတ်သဖြင့်      တည်ငြိမ်အေးချမ်းမှုကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

 


ယင်းနောက်  ဌာနဆိုင်ရာ  တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက်      လုပ်ငန်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်နှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများကို Power Point ဖြင့် တစ်ဦးချင်း ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များ အပေါ် ပြည်နယ်စီမံကိန်းဦးစီးဌာန  ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်က အကြံပြုဖြည့်စွက်ဆွေးနွေးသည်။

 


ထို့နောက် ပြည်နယ်အစိုရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာ များအနေဖြင့်    စီမံကိန်းလျာထားချက်များပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေကို   လုပ်ငန်းတစ်ခုချင်းအလိုက်   ခွဲဝေခွင့်ပြုငွေ၊ ဆောင်ရွက်ပြီးစီးနိုင်မှုနှင့်       ကုန်ထုတ်စွမ်းအား တိုးတက်မှုအခြေအနေကို  စနစ်တကျပြုစုကြရန် အကြံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံး ချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)