
ဟားခါး ဇူလိုင် ၁၇
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးတို့သည့် ယနေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre သို့ သွားရောက်ပြီး လူနာ ၆၆ ဦး Quarantine ထားရှိနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးသည်။ ထို့နောက် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ဟားခါး မြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ပြည်သူ့ ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ပိုးတွေ့လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် အာဟာရဖြစ် အစားအစာများဖြစ်သော ကြက်ဥ၊ မားမီးခေါက်ဆွဲထုပ်နှင့် Royal-D အားဖြည့် အချိုရည်ဘူးများကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးတို့က ပေးအပ်ရာ ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရန်နိုင်က လက်ခံ ရယူသည်။
ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး တို့သည် ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည်များ မှာကြားပြီးနောက် ပိုးတွေ့လူနာများကိုလည်း အားပေးစကား ပြောကြားသည်။
ဟားခါးမြို့နယ်၌ မေ ၁၉ ရက်မှ ဇူလိုင် ၁၆ ရက် အထိ ပိုးတွေ့လူနာ ၂၁၇ ဦး၊ သေဆုံးသူ ငါးဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၃၉ ဦးရှိပြီး ၇၃ ဦးမှာ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)