
နေပြည်တော် အောက်တိုဘာ ၂၈
ချင်းပြည်နယ် ပလက်ဝမြို့၌ ယာယီ နေထိုင်လျက်ရှိသည့် တိုက်ပွဲ ရှောင် ပြည်သူများ၏ နေရပ်ဖြစ် သော ကျေးရွာများ၌ မိုင်းရှင်းလင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်း၊ နေအိမ်များပြန်လည်ပြုပြင် ပေးခြင်းနှင့် လုပ်ကိုင်စားသောက် ရန် လိုအပ်ချက်များ ပြန်လည်ဖြည့် ဆည်းပေးခြင်းတို့ကို ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဖြစ်ရာ အဆိုပါ တိုက်ပွဲရှောင် ပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်နိုင်ရေးအတွက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက စက်လှေ များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် တမန်းသားကျေးရွာ၊ ပလပ် ချောင်းဝကျေးရွာနှင့် အန်ခိုးဝ ကျေးရွာတို့ရှိ တိုက်ပွဲရှောင်ပြည်သူ များကိုလည်းကောင်း၊ အောက်တို ဘာ ၂၇ ရက်တွင် ဆီဖလောင်း ကျေးရွာနှင့် အောင်မီးလက်ဝ ကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ များကိုလည်းကောင်း၊ ယနေ့တွင် စိမ့်စမ်းဝကျေးရွာနှင့် ငဗွီကျေးရွာ တို့မှ တိုက်ပွဲရှောင် ပြည်သူများ ကိုလည်းကောင်း နယ်မြေခံ တပ်မတော်သားများက ၎င်းတို့ ၏ နေရပ်အသီးသီးသို့ စက်လှေ များ၊ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးသည်။ ထို့ပြင် ကျန်ရှိနေသေးသည့် ကျေးရွာများ မှ တိုက်ပွဲရှောင်ပြည်သူများကို လည်း ၎င်းတို့၏ နေရပ်အသီးသီး သို့ ဆက်လက် ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်