ချင်းပြည်နယ် ထန်တလန်မြို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်

 

နေပြည်တော်  အောက်တိုဘာ  ၃၀


ချင်းပြည်နယ်  ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီမှစတင်၍  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များသည် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်မီဒီယာများတွင် ဖော်ပြလျက်ရှိသည်။ အဆိုပါ သတင်းများနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲသို့ ဖြေကြားခဲ့သည်-


အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်


“အခြေအမြစ်မရှိတဲ့      စွပ်စွဲချက်တွေကို ကျွန်တော်တို့  ပြောနေတဲ့  ပြည်ဖျက်မီဒီယာတွေ ကနေ   ဆောင်ရွက်နေတာတွေကို   တွေ့ရတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ကျယ်ကျယ် ပြန့်ပြန့်ဖြန့်နေတာကို    တွေ့ရပါတယ်။   ဖြစ်စဉ် ကတော့ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ထန်တလန်မြို့ မှာ   လုံခြုံရေးတာဝန်ကျနေတဲ့   တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မြို့တွင်းလုံခြုံရေးလှည့်ကင်း ဆောင်ရွက်ပါတယ်။ လှည့်ကင်းဆောင်ရွက်ရာမှာ ထန်တလန်မြို့  အမှတ်(၁)ရပ်ကွက် မြို့လယ်လို့ လည်း   ပြောလို့ရပါတယ်။  အဲ့ဒီအရောက်မှာ လမ်းဘေးကနေ PDF အမည်ခံအကြမ်းဖက်အဖွဲ့ ကနေ လက်လုပ်မိုင်း သုံးလုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်။ လက်နက်ငယ်တွေနဲ့    ပစ်ခတ်ခဲ့ပါတယ်။  ဒီလို ပစ်ခတ်ခဲ့တဲ့အတွက်  ပြန်လည်ပစ်ခတ်ခဲ့တယ်။ ပြန်လည်ပစ်ခတ်တဲ့နေရာမှာ  PDF  အဖွဲ့တွေက လူနေအဆောက်အဦတွေကို အကာအကွယ်ယူပြီး ဆုတ်ပြေးတယ်။ လူနေ အဆောက်အဦ လေးလုံးကို နောက်ကနေဆက်လိုက်လာလို့မရအောင် မီးရှို့ပြီး ဆုတ်ပြေးသွားတယ်။ 

 


တပ်မတော်က ဆောင်ရွက်တာမဟုတ်


“ဖြစ်စဉ်မှာ   မိမိတို့အဖွဲ့တစ်ယောက်  ကျဆုံး ခဲ့တာရှိပါတယ်။    အဲ့ဒီအဖွဲ့တွေ    လိုက်ရှင်းပြီး ပြန်လာတဲ့အခါမှာ မီးလောင်နေတာ တွေ့လို့ မီးငြှိမ်း သတ်ဖို့အတွက် နောက်ထပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားခဲ့တယ်။    သွားတဲ့အခါမှာလည်း     လူနေ အဆောက်အဦတွေ အကာအကွယ်ယူပြီး မီးငြှိမ်း သတ်ဖို့လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင် ရာ ဝန်ထမ်းတွေကို  ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့်  မီးမငြှိမ်းသတ်နိုင်ဘဲ  မီးလောင်ရခြင်း ဖြစ်ပါတယ်။   တပ်မတော်က   ဆောင်ရွက်တာ မဟုတ်ဘူး          PDF   အကြမ်းဖက်အဖွဲ့တွေက လှည့်ကင်းဆောင်ရွက်နေတဲ့အဖွဲ့တွေကို  ပစ်ခတ် ပါတယ်။ သူတို့နောက်ကို လိုက်ပြီးရှင်းတဲ့အခါမှာ မီးရှို့ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ 

 


ကြိုတင်ကြံစည်ထား


“ဒါနဲ့ပတ်သက်ပြီး နောက်ခံအကြောင်းရင်းတွေ ကို ပြောရမယ်ဆိုရင် ယခုလ ၂၁ ရက်နေ့မှာလည်း ထန်တလန်နဲ့ ဟားခါး ဆက်သွယ်ထားတဲ့ တံတား ကို   ဗုံးခွဲပြီး    တိုက်ခိုက်ခဲ့တယ်။   အဓိကတော့ ထန်တလန်ကို ဆက်သွယ်ရေး ဖြတ်တောက်တာပေါ့။ အဲ့ဒီတံတားကို ဘယ်သူတွေ ဗုံးခွဲတိုက်ခိုက်ခဲ့တယ် ဆိုတာလည်း ပြောစရာမလိုပါဘူး။ သူတို့ကြိုတင် ကြံစည်ထားတာပါ။ Video File တွေနဲ့ ပြည်ဖျက် မီဒီယာတွေမှာ  တက်လာတာ   တွေ့လိမ့်မယ်။ ဒီလိုဖြစ်တဲ့အတွက် ဟားခါးကနေ ထန်တလန်ကို မသွားရောက်နိုင်ခဲ့တာရှိတယ်။ မြို့ထဲမှာ မီးငြှိမ်း သတ်ဖို့အတွက်     သွားရောက်ခဲ့တဲ့    လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့   သက်ဆိုင်ရာ   ဝန်ထမ်းတွေကို ချောင်းမြောင်းပစ်ခတ်နေတာ  ရှိပါတယ်။  ဒါဟာ တမင်သက်သက်   အကွက်ချပြီး   ကြုံတင်စီမံပြီး လုပ်တာလို့ပြောချင်တယ်။ 

 


သတင်းထူးခြားမှုရှိရင် ကင်းလှည့်တာပဲရှိ


“ထန်တလန်ရဲ့   အခြေအနေမှာ   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ဟာ သူ့ရဲ့နဂိုရှိပြီး သားနေရာ တွေမှာပဲ   နေထိုင်လျက်ရှိတယ်။   မြို့ထဲမှာနေတဲ့ သူတွေလုံခြုံရေးအတွက်ပဲ သတင်းထူးခြားမှုရှိရင် ကင်းလှည့်တာပဲရှိတယ်။ ထန်တလန်မြို့ထဲမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကလည်း ပြည်သူ လူထုကြားထဲမှာ အဆောက်အဦတွေကြားထဲမှာ ပြည်သူလူထုကို   အကာအကွယ်ယူပြီး  နေထိုင် နေခြင်းဖြစ်တယ်။ သူတို့ဆုတ်ခွာသွားတဲ့ နေရာမှာ လည်း   မီးရှို့ပြီး    ဆုတ်ခွာသွားတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၃/၄ ရက်ကလည်း NUG အကြမ်းဖက် အဖွဲ့က      မီဒီယာတွေမှာ     အမြဲတမ်းထွက်ပြီး အကြမ်းဖက်လှုံဆော်နေတဲ့ သူတို့ရဲ့ဝန်ကြီးဆိုတဲ့လူတစ်ယောက်ပြောခဲ့တာ   ရှိတယ်။  လွန်ခဲ့တဲ့ ၃/၄ ရက်ကပြောခဲ့တာကို သတိထားမိမှာ ဖြစ်ပါ တယ်။ သူပြောခဲ့တဲ့ စကားထဲမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် PDF အဖွဲ့တွေက လွတ်လွတ်လပ်လပ် သွားလို့ရနေပြီ တပ်ကမလွှမ်းမိုး နိုင်တော့ဘူးလို့ ပြောခဲ့တာရှိပါတယ်။ ဒီစကားတွေ ကို ထောက်ခြင်းဖြင့် ထန်တလန်မြို့မှာ ပြည်သူလူထု ကို   အကာအကွယ်ယူပြီးတော့   မီးရှို့ဖျက်ဆီးမှု တွေ လုပ်တာတွေ၊  လူသားတံတိုင်းသဖွယ် အသုံး ပြုနေတာတွေက   PDF  အကြမ်းဖက်အဖွဲ့ပါလို့ ပြောချင်ပါတယ်။ 

 


ဒေသလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်


“ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အသိပေး လိုတာကတော့ PDF အမည်ခံအကြမ်းဖက် အဖွဲ့တွေ အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တဲ့ ကိစ္စတွေ မိမိတို့အနေနဲ့ သတင်း ထုတ်ပြန်ပေးလျက် ရှိတယ်။   ဒါ့အပြင်   ခုနောက်ပိုင်းမှာ   မြို့ရွာတွေ ကို  ဖျက်ဆီးတဲ့အဆင့်အထိ၊    လမ်းတံတားတွေကိူ ဖျက်ဆီးတဲ့အဆင့်အထိ၊ မြို့ရွာတွေကို ဆက်သွယ် ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပြီး ပြည်သူ့ အသက်အိုးအိမ်းတွေကို သူတို့အကာအကွယ်ရရေး အတွက် မီးရှို့ ဖျက်ဆီးတဲ့ အဆင့်အထိ လုပ်ဆောင် လာကြတယ်ဆိုတာကို သိစေလိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းဆန့်ကျင်သွားဖို့   လုံခြုံရေးတပ် ဖွဲ့ဝင်တွေ နဲ့      ပူးပေါင်းဆောင်ရွက်ဖို့၊   နယ်မြေအေးချမ်း သာယာရေး၊   မိမိဒေသလုံခြုံရေးအတွက်   ပူးပေါင်း ဆောင်ရွက်သွားဖို့     တိုက်တွန်းလိုပါတယ်”  ဟု ပြောကြားသည်။ 


သတင်းစဉ်